နေတိုး မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေဟာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့က ဌာနချုပ်မှာ ဒုတိယမြောက်နေ့ အဖြစ် အောက်တိုဘာ ၁၂ ရက်က စုဝေးခဲ့ ပါတယ်။
ဒီဆွေးနွေးပွဲမှာ ရုရှားက ယူကရိန်းကို ကျူးကျော်မှုနဲ့ အစ္စရေးမှာဖြစ်နေတဲ့ နောက်ဆုံးပေါ် ပဋိပက္ခတွေက ရှေ့ဆုံးက နေရာယူထားပါတယ်။
နေတိုးအတွင်းရေးမှူးချုပ် ယန်း စတော့တန်ဘာ့ဂ်က ကာကွယ်ရေး ရင်းနှီးမြှုပ်နှံမှုမှာ အဖွဲ့ဝင်တွေ ဆက်ကြိုးပမ်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။
အဖွဲ့ဝင်နိုင်ငံ ၁၁ နိုင်ငံက သူတို့ နိုင်ငံ့ရဲ့ ဂျီဒီပီရဲ့ ၂ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် အနည်းဆုံး သုံးစွဲနေတယ်လို့ သူက ထပ်ပြောခဲ့ပြီး “ဒီအရေအတွက်ဟာ နောက်နှစ်မှာ သိသိသာသာ တိုးလာဖို့ ကျွန်တော် မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။
စကင်ဒီနေးဗီးယားနိုင်ငံ ဆွီဒင်ဟာ တရားဝင်အဖွဲ့ဝင်ဖြစ်လာဖို့ စောင့်ဆိုင်းနေပေမဲ့ ဆွီဒင်ကာကွယ်ရေး ဝန်ကြီးပါးဂျွန်ဆင်ကို အစည်းအဝေးတက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။
ဆွီဒင်ဟာ ၂၀၂၃ ခုနှစ် မတ်လမှာ နေတိုးအဖွဲ့ထဲ ဝင်ရောက်ရေး လျှောက်ထားဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ အဆိုပြုချက်ကို အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ တူရကီနှင့် ဟန်ဂေရီတို့က အတည်မပြုရသေးပါဘူး။
Source/Photo-Reuters