မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီကို ဘာမင်ဂမ် စီးတီးအသင်းရဲ့ နည်းပြသစ်အဖြစ် ၃ နှစ်ခွဲစာချုပ်နဲ့အတူ ခန့်အပ်လိုက်ပြီ ဖြစ်တယ်လို့ အောက်တိုဘာ ၁၁ ရက်မှာ ချန်ပီယံရှစ်ကလပ်က အတည်ပြုပါတယ်။
ရွန်းနီနဲ့အတူ ယူနိုက်တက်အသင်းဖော်ဟောင်း ဂျွန်အိုရှေးနဲ့ အင်္ဂလန်အသင်းဖော်ဟောင်း အက်ရှ်လေ ကိုးလ်တို့က လက်ထောက်နည်းပြ အဖြစ် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဒီကစားသမားဟောင်း ၂ ဦးစလုံးက အသက် ၂၁ နှစ်အောက် အင်္ဂလန်အသင်းနဲ့ အိုင်ယာလန် စီနီယာအသင်းတို့ရဲ့ လက်ထောက်နည်းပြတွေအဖြစ် အသီးသီးထမ်းဆောင်နေကြ တာပါ။
ရွန်းနီရဲ့ မန်ယူနိုက်တက် ကစားသမားဘဝမှာ ၂၅၃ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ပရီးမီးယားလိဂ် ဖလား ၅ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။
ဒါ့အပြင် အင်္ဂလန်လက်ရွေးစင် အသင်းအတွက်ပါ ရွန်းနီ က ၅၃ ဂိုးအထိ သွင်းပေးထားပါတယ်။
၂၀၁၁ ခုနှစ်တုန်းက ပရီးမီးယားလိဂ်မှာ နောက်ဆုံးကစားခဲ့တဲ့ ဘာမင်ဂမ်အသင်းကတော့ ၁၁ ပွဲ ကစားပြီးချိန်အတွင်း ၁၈ မှတ်အထိ ရရှိထားပါတယ်။
ချန်ပီယံရှစ်လိဂ်ပြိုင်ပွဲရဲ့ အဆင့် ၆ နေရာက ဒီအသင်းဟာ အောက်တိုဘာ ၂၁ ရက်မှာ မစ်ဒယ်ဘရော့ အသင်းနဲ့ အဝေးကွင်းပွဲစဉ်အဖြစ် ရင်ဆိုင်သွားရဖို့ ရှိနေပါတယ်။
Photo-Reuters