Home
မြန်မာသတင်း
ကောလင်း၌ ကျွဲ နွားများ အရေပြားအကျိတ်ဖုနာရောဂါ ဖြစ်ပွား
DVB
·
October 12, 2023
Cow disease_12102023

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်က ကျွဲ နွားတွေမှာ Lumpy Skin Disease အရေပြား အကျိတ်ဖုနာရောဂါ ဖြစ်ပွားနေတာကြောင့် ကျွဲ နွားတွေ သယ်ယူပို့ဆောင် ဖြတ်သန်းတာနဲ့ သတ်ဖြတ်ရောင်းချတာတွေကို ရက်အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းထားကြဖို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး ပ.အ.ဖ အဖွဲ့က အောက်တိုဘာ ၁၂ ရက်မှာ ထုတ်ပြန် အသိပေးထားပါတယ်။

ကောလင်းမြို့နယ် ပအဖအဖွဲ့ တာဝန်ရှိသူက “မြို့နယ်စိုက်/မွေးတာဝန်ခံအဖွဲ့တွေ ကွင်းဆင်းစစ်ဆေးချက်အရ ရောဂါလက္ခဏာ‌တွေ တွေ့ရလို့ ကျွဲ နွား သယ်ယူပို့ဆောင်ဖြတ်သန်းတာနဲ့ သတ်ဖြတ်ရောင်းချတာတွေ မလုပ်ကြဖို့ ရက်အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းထားရမယ့်အကြောင်း အသိပေး ထုတ်ပြန်ထားပါတယ်” လို့ ပြောပါတယ်။

ရောဂါတွေ ငြိမ်သက်သွားမှ ပြန်လည်ခွင့်ပြုသွားမှာဖြစ်ပြီး ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေကို လိုက်နာဆောင်ရွက်ပြီး ကူညီဆောက်ရွက်ကြဖို့ တိုက်တွန်းနှိုးဆော်ထားကာ လိုက်နာဆောင်ရွက်ခြင်းမရှိရင် အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024