စပိန်နိုင်ငံ အနောက်မြောက်ပိုင်း ဗီဂိုမြို့ရှိ လူနေအဆောက်အအုံတခုမှာ တညလုံး မီးလောင်ကျွမ်းမှုကြောင့် လူငယ် ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အရေးပေါ်ဝန်ဆောင်မှုဌာနက အောက်တိုဘာ ၁၁ ရက် အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
မီးခိုးရှူမိတာနဲ့ တခြားဒဏ်ရာတွေကြောင့် နောက်ထပ် လူ ၁၀ ဦးကို ဆေးရုံပို့ဆောင် ကုသခဲ့ရကြောင်း ဒေသဆိုင်ရာ လုံခြုံရေးကောင်စီဝင် ပက်ထရစ်ရှာ ရိုဒရီဂွက်ဇ်က ပြောပါတယ်။
မီးဟာ ဒေသစံတော်ချိန် မနက် ၄ နာရီလောက်မှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။
မီးသတ်သမားတွေဟာ နာရီပေါင်းများစွာ မီးသတ်ခဲ့ရပြီးမှ မီးငြိမ်းသွားခဲ့ပါတယ်။
Source/Photo-Reuters