စိန်ခေါ်နေတဲ့ ပတ်ဝန်းကျင်မှာ ခြိမ်းခြောက်မှုတွေ တိုးလာနေတဲ့ကြားက ထိုင်ဝမ် ငြိမ်းချမ်းရေးနဲ့ လွတ်လပ်မှုကို ကာကွယ်ထိန်းသိမ်းထားဖို့ သြစတြေးလျဝန်ကြီးချုပ်ဟောင်း စကော့ မော်ရစ်ဆင်က အောက်တိုဘာ ၁၁ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ် အပါအဝင် အဆင့်မြင့်သံတမန် ဖိုရမ်တခုမှာ မော်ရစ်ဆင်က ခုလို ပြောလိုက်တာပါ။
ကိုယ်ပိုင်လွတ်လပ်ရေးကို ကြွေးကြော်ထားတဲ့ ထိုင်ဝမ်ကျွန်းရဲ့ ဒီမိုကရေစီ တိုးတက်မှုကို ချီးကျူးခဲ့ပြီး တရုတ်ကိုတော့ အမည်မဖော်ဘဲ ရေလက်ကြားဖြတ်ကျော် အင်အားကြီး အိမ်နီးချင်းနိုင်ငံအဖြစ် နှိုင်းယှဉ်ပြောဆိုခဲ့တာပါ။
ထိုင်ဝမ်အရေးဟာ စမ်းသပ်ကာလဖြစ်ပေမဲ့ “လုံခြုံပြီး ယုံကြည်စိတ်ချရတဲ့ မိတ်ဘက်” အဖြစ် နိုင်ငံတကာ အသိုက်အဝန်းက ရှုမြင်ပေးဖို့ ယုရှန်း ဖိုရမ်လို့ လူသိများတဲ့ အဲဒီအစည်းအဝေးကနေ ထိုင်ဝမ်သမ္မတက တောင်းဆိုခဲ့ပါတယ်။
ထိုင်ဝမ်ကျွန်းက တိုင်ပေမြို့တော်ဆီ မော်ရစ်ဆင်ရဲ့ အလည်အပတ် ခရီးစဉ်ကို တရုတ်နိုင်ငံက ပြစ်တင်ရှုတ်ချခဲ့ပေမဲ့ မော်ရစ်ဆင်ကတော့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲမှာ နောက်ထပ်မိန့်ခွန်းတခုပြောဖို့ စီစဉ်ထားပါတယ်။
တရုတ်ပြည်မကြီးအစိုးရဟာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်တဲ့ ထိုင်ဝမ်ကို သူ့ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားတာပါ။
ထိုင်ဝမ်ကျွန်းနားမှာ စစ်အင်အားပြတာတွေ ပိုတိုးလုပ်နေလို့ တကမ္ဘာလုံးကို သက်ရောက်မယ့် ပဋိပက္ခတွေ ဖြစ်လာမှာကို ပိုတိုးပြီး စိုးရိမ်နေကြပါတယ်။
Source/Photo-Reuters