Home
ရုပ်သံ
အစ္စရေး လက်တုံ့ပြန် လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာမြို့ ပေါက်ကွဲမှုများမြင်ကွင်း (ရုပ်သံ) 
DVB
·
October 11, 2023
Explosions rock Gaza after Israel air strikes

ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကို  လက်တုံ့ပြန်တဲ့အနေနဲ့ ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းတွေကို အောက်တိုဘာ ၉ ရက်နေ့မှာ အစ္စရေးက လေကြောင်းကနေ ဂျက်တိုက်လေယာဉ်တွေနဲ့ နာရီပေါင်းများစွာ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဂါဇာမြို့ မှာ အကြီးအကျယ် ပေါက်ကွဲပျက်စီးမှုတွေကို မြင်တွေ့ရပါတယ်။ 

ဆယ်စုနှစ်များစွာအတွင်း သွေးထွက်သံယို အဆိုးရွားဆုံးနေ့အဖြစ် အောက်တိုဘာ ၇ ရက်က ပါလက်စတိုင်း ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေဟာ အစ္စရေးမြို့တွေကို အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့ရာက နှစ်ဖက် အပြန်အလှန်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

နှစ်ဖက်ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် အစ္စရေးဘက်မှာ သေဆုံးသူဦးရေ ၁,၂၀၀ ကျော် ဒဏ်ရာရသူ ၂,၇၀၀ ကျော်ရှိပြီး  ပါလက်စတိုင်း‌တွေဘက်မှာတော့  လူ ၉၀၀ ကျော် သေဆုံးကာ လူ ၄,၆၀၀ ကျော်ဒဏ်ရာရထားပါတယ်။

Source/ Video Credit - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024