၂၀၃၂ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲကို အီတလီနဲ့ တူရကီတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမယ်လို့ UEFA က နိုင်ယွန်မြို့မှာ အောက်တိုဘာ ၁၀ ရက်က ကျင်းပတဲ့ အခမ်းအနားအတွင်း ကြေညာခဲ့ပါတယ်။
ယူကေနဲ့ အိုင်ယာလန်တို့ဟာလည်း ၂၀၂၈ ယူရို ပြိုင်ပွဲရဲ့ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်ကတည်းက တူရကီဟာ ၂၀၂၈ ခုနှစ်ယူရိုပြိုင်ပွဲ ပူးတွဲကျင်းပမယ့် နိုင်ငံတွေထဲက နုတ်ထွက်ခဲ့ပြီး ၂၀၃၂ ခုနှစ် ယူရိုပြိုင်ပွဲကို အီတလီနဲ့အတူ ပူးတွဲကျင်းပဖို့ အဆိုတင်သွင်းခဲ့တာကြောင့် ပြိုင်ပွဲနှစ်ရပ်စလုံးအတွက် အိမ်ရှင်အဖြစ် ကျင်းပမယ့်နိုင်ငံတွေကို ဥရောပဘောလုံးအဖွဲ့ချုပ်က ဆုံးဖြတ်ထားပြီးသား ဖြစ်ပါတယ်။
၂၀၂၈ ပြိုင်ပွဲကနေ တူရကီ နုတ်ထွက်လိုက်တဲ့အတွက် အင်္ဂလန်၊ မြောက်အိုင်ယာလန်၊ အိုင်ယာလန်၊ စကော့တလန်နဲ့ ဝေးလ်နိုင်ငံတို့က ပူးတွဲလက်ခံကျင်းပဖို့ အဆိုတင်သွင်းတဲ့ နိုင်ငံတွေအဖြစ် ကျန်ခဲ့တာလည်း ဖြစ်ပါတယ်။
UEFA အမှုဆောင် ကော်မတီဆီက အပြီးသတ် အတည်ပြုချက် လိုအပ်နေတဲ့ ဒီပြိုင်ပွဲ နှစ်ခုစလုံး လက်ခံကျင်းပမယ့် ကမ်းလှမ်းမှုတွေကို UEFA က အင်္ဂါနေ့မှာ အတည်ပြု ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။
Photo-Reuters