တရုတ်နဲ့ အမေရိကန်တို့ဟာ အချင်းချင်း လေးစားကြပြီး တရုတ်-အမေရိကန် ဆက်ဆံရေးကို မြှင့်တင်ဖို့ ပူးပေါင်းသင့်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန် အထက်လွှတ်တော် ခေါင်းဆောင် ချပ်ခ် ရှူးမားကို တရုတ်မြို့တော် ပေကျင်းမှာ အောက်တိုဘာ ၉ ရက်က ပြောလိုက်ပါတယ်။
တရုတ်နဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းတွေ နက်နက်ရှိုင်းရှိုင်း ပေါင်းစည်းကြပြီး အချင်းချင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆီကနေ အပြန်အလှန် အကျိုးခံစားနိုင်တယ်လို့လည်း ရှီက ပြောပါတယ်။
အမေရိကန်အထက်လွှတ်တော် လူများစုခေါင်းဆောင် ချပ်ခ်ရှူးမား ဦးဆောင်တဲ့ အမေရိကန် လွှတ်တော် ကိုယ်စားလှယ်အဖွဲ့နဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ တွေ့ဆုံချိန်မှာ ရှီက ခုလို မှတ်ချက်ပြု ပြောဆိုခဲ့ တာပါ။
ရှူးမားဟာ သူ့ရဲ့ ခရီးစဉ်အတွင်း တရုတ်နိုင်ငံ အမျိုးသား ပြည်သူ့ ကွန်ဂရက် ဥက္ကဋ္ဌ ကျောက်လဲ့ကျိနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဝမ်ဝင်တောင်တို့ အပါအဝင် တရုတ် အကြီးတန်း အရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ရှားရှားပါးပါးအနေနဲ့ အမေရိကန် နိုင်ငံရေးပါတီ နှစ်ပါတီလုံးက လွှတ်တော် ကိုယ်စားလှယ်တွေ ပါတဲ့အဖွဲ့ကို ရှူးမားက သူ့ရဲ့ အာရှခရီးစဉ်မှာ ဦးဆောင်ခဲ့တာပါ။
ခရီးစဉ်အတွင်း တောင်ကိုရီးယားနဲ့ ဂျပန်တို့မှာလည်း ခရီးတထောက် ရပ်နားဖို့ ရှိပါတယ်။ ဒီခရီးစဉ်ဟာ အမေရိကန်ရဲ့ စီးပွားရေးနဲ့ အမျိုးသားလုံခြုံရေး အကျိုးစီးပွားတွေကို မြှင့်တင်ဖို့ ရည်ရွယ်ထား ပါတယ်။
Source/Photo-Reuters