ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ အစ္စရေးနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုနဲ့ တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့အတွက် အောက်တိုဘာလ ၈ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
စစ်ပွဲနဲ့ အကြမ်းဖက်ဝါဒဟာ ဘယ် ပြသာနာကိုမှ ဖြေရှင်းနိုင်မှာမဟုတ်ဘဲ အပြည်မဲ့ပြည်သူတွေရဲ့ ဘဝတွေအပေါ် သေခြင်းတရားနဲ့ ဒုက္ခသုက္ခသာ ကျရောက်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
စိန့်ပီတာစ်ရင်ပြင်မှာ ပုပ်ရဟန်းမင်းကြီးက "အစ္စရေးမှာ ဖြစ်ပျက်နေတဲ့ အရာတွေအပေါ် မျက်ခြေမပြတ် စောင်ကြည့်နေတယ် " ဆိုပြီး ယုံကြည်သူတွေကို အပတ်စဉ်ဟောပြောမှုအတွင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် " လက်နက်တွေနဲ့ တိုက်ခိုက်မှုတွေကိုပါ ကျေးဇူးပြု၍ ရပ်တန့်ချုပ်ငြိမ်းပါစေ" လို့ ပုပ် ရဟန်းမင်းကြီးက ဖြည့်စွက်ပြောပါတယ်။
အောက်တိုဘာ ၇ ရက်က ပါလက်စတိုင်း သေနတ်သမားတွေက အစ္စရေးမြို့ငယ်တွေကို ဘက်ပေါင်းစုံကနေ တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံးလူ ၂၅၀အထိ သေဆုံးခဲ့ရပါတယ်။
ဒါကြောင့် အစ္စရေးနိုင်ငံဘက်က လက်တုံ့ပြန်တဲ့အနေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာတော့ ပါလက်စတိုင်း ၃၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Source/Photo-Reuters