ဟားမတ်စ်၏ "Al Aqsa ရေလွှမ်းမိုးမှုစစ်ဆင်ရေး" ကို ထောက်ခံအားပေးဖို့ အောက်တိုဘာ ၇ ရက်က ယီမင်နိုင်ငံ၊ မြို့တော် ဆာနာက ချီတက်ပွဲမှာ လူထောင်ပေါင်းများစွာ စုရုံးခဲ့ကြပြီး ကူဝိတ်နိုင်ငံရဲ့ မြို့တော် ကူဝိတ်စီးတီးမှာလဲ သောင်း ချီတဲ့လူတွေက ဟားမတ်စ်တွေကို ထောက်ခံ စုဝေးခဲ့ကြပါတယ်။
ချီတက်ပွဲမှာ ပါဝင်သူတွေက ပါလက်စတိုင်းအလံတွေကို ဝှေ့ယမ်းရင်း ဂါဇာ၊ အလ်-အက်ဆာဗလီနဲ့ ဟားမတ်စ်တို့ကို ထောက်ခံသီဆိုခဲ့ကြပါတယ်။
ပါလက်စတိုင်းအုပ်စုဟာ ဂါဇာကမ်းမြှောင်ကနေ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့သလို အစ္စရေးမြို့ အများအပြားဆီ ဖြတ်ကျော်ဝင်ရောက်လာတဲ့ သေနတ်သမားတွေကပါ ပေါင်းစပ် တိုက်ခိုက် ခဲ့တာပါ။
နှစ်ပေါင်းများစွာအတွင်း အစ္စရေးကို အကြီးမားဆုံး တိုက်ခိုက်မှုအနေနဲ့ စနေနေ့က စတင် တိုက်ခိုက်ခဲ့ပါတယ်။
ပါလက်စတိုင်း တိုက်ခိုက်ရေးသမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အစ္စရေးတောင်ပိုင်းက မြို့တွေမှာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ်တွင် အစ္စရေးနှင့် ဟားမတ်စ်တို့ ၁၀ ရက်ကြာ စစ်ပွဲဖြစ်ပွားပြီး နောက်ပိုင်း စနေနေ့ တိုက်ပွဲက အဆိုးရွားဆုံး ဖြစ်လာပါတယ်။
ဂျော်ဒန်နိုင်ငံသားတွေကလည်း ဂျော်ဒန်နိုင်ငံ အမ်မမ်မြို့တော်က အယ်လ်ကာလိုတီ ဗလီရဲ့ အပြင်ဘက်မှာ အောက်တိုဘာ ၇ ရက်က စုရုံးခဲ့ကြပါတယ်။
အစ္စရေးအပေါ် ဂါဇာရဲ့ ထိုးစစ်ကြောင့် သေဆုံးသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ဝမ်းနည်း ကြောင်း အိန္ဒိယနဲ့ ပါကစ္စတန် ခေါင်းဆောင်တွေက အောက်တိုဘာ ၇ ရက်မှာ ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။
ပါကစ္စတန် အိမ်စောင့်အစိုးရရဲ့ ဝန်ကြီးချုပ် အန်နဝါ အူဟက်ခ် ကာကာက ပါလက်စတိုင်းတွေရဲ့ မေးခွန်းကို အမြန်ဖြေဖို့ အရေးတကြီးလိုအပ်ကြောင်း ထင်ရှားစေတဲ့ အရှေ့အလယ်ပိုင်းက ပြင်းထန်လာတဲ့ အကြမ်းဖက် မှုတွေကြောင့် စိတ်ကြေကွဲခဲ့ရတယ်လို့ လူမှုကွန်ယက်မီဒီယာ X ကနေ စနေနေ့က ပြောပါတယ်။
“ကျနော်တို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ တိုက်တွန်းချင်ပါတယ်၊ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဟာ နှစ်နိုင်ငံဖြေရှင်းချက် အပေါ် မူတည်တယ်”လို့လည်း ကာကာ က ပြောခဲ့ပါတယ်။
Source/Photo-Reuters