ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ တူရကီတပ်ဖွဲ့တွေက ကာ့ဒ်စစ်သွေးကြွ ၅၈ ဦးကို ညပိုင်း တိုက်ခိုက်မှုအတွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ အောက်တိုဘာလ ၇ ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာန က အတည်ပြုပါတယ်။
တူရကီမြို့တော် အန်ကာရာမှာ ဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် တပတ်နီးပါးအကြာမှာပဲ ဒေသတွင်း ပဋိပက္ခဖြစ်ပွားမှု မြင့်တက်လာခဲ့ပါတယ်။
ကာ့ဒ်အလုပ်သမားများပါတီ - PKK ပြည်သူ့စစ်အဖွဲ့ အပါအဝင် ဆီးရီးယား-ကာ့ဒ် YPG ပြည်သူ့စစ်အဖွဲ့တို့ ရဲ့ ပိုင်ဆိုင်မှုအားလုံးဟာ "တရားဝင်ပစ်မှတ်တွေ" ဖြစ်တယ်ဆိုပြီး တူရကီဘက်က ဒီတစ်ပတ်ထဲမှာ ပြောကြားထားပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက အန်ကာရာမြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုကို PKK ပြည်သူ့စစ်အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း တာဝန်ခံပြောဆိုပါတယ်။
အဲ့ဒီဖြစ်ရပ်အတွင်း တိုက်ခိုက်သူ ၂ ဦးသေဆုံးကာ ရဲအရာရှိ ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
တူရကီဘက်ကတော့ YPG အဖွဲ့ကို PKK အဖွဲ့နဲ့ ခွဲခြားလို့ မရဘူးလို့ ဆိုကာ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပါတယ်။
၁၉၈၄ ခုနှစ်ကစလို့ PKK ပြည်သူ့စစ်အဖွဲ့ရဲ့ တူရကီနိုင်ငံအပေါ် ပုန်ကန်မှုအတွင်း လူပေါင်း ၄ သောင်းကျော် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံနဲ့ ဥရောပသမဂ္ဂတို့ကလည်း PKK ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သဘောထားပေမယ့် YPG အဖွဲ့တော့ ပါဝင်ခြင်းမရှိပါဘူး။
အစ္စလာမ္မစ်နိုင်ငံတော်(IS) စစ်သွေးကြွတွေအပေါ် ဆန့်ကျင်တိုက်ခိုက်နေတဲ့ အမေရိကန် ဦးဆောင်ရာ ညွန့်ပေါင်းအဖွဲ့မှာ ဆီရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) လည်းပါဝင်ပြီး YPG အဖွဲ့က SDF အတွက် အခရာကျတာကြောင့် ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ ဒီအဖွဲ့တွေအပေါ် ကူညီထောက်ပံ့မှုက တူရကီနိုင်ငံနဲ့ ကာလရှည်ကြာ တင်းမာမှု ကို ဖြစ်ပေါ်စေခဲ့ကြောင်း သိရပါတယ်။
Source/Photo-Reuters