Home
မြန်မာသတင်း
မန္တလေးနှင့် ရေစကြိုတွင် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ
DVB
·
October 8, 2023

မန္တလေးမြို့နဲ့ မကွေးတိုင်း၊ ရေစကြိုမြို့တို့မှာ အောက်တိုဘာ ၇ ရက်နေ့က စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး တပ်ကြပ်ကြီးတယောက်သေဆုံးခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက် နေ့လယ်ပိုင်းက ရေစကြိုမြို့ပေါ် ရုံးပေါင်းစုံ ထွေအုပ်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံးသူ ရှိနိုင်တယ်လို့ မြင်းခြံကျားနက်တပ်ဖွဲ့-MBT ဆီကနေ သိရပါတယ်။

ရေစကြိုမြို့ ရုံးပေါင်းစုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပြောက်ကျား နည်းဗျူဟာသုံးပြီး ဘန်ကာရဲ့ မီတာ ၃၀ လောက်အကွာကနေ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ MBT တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ၄၀ မမ တလုံး စစ်ကောင်စီရဲ့ ကင်းစခန်းနားမှာ ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီနောက် မွန်းလွဲ ၂ နာရီလောက်မှာ ရေစကြိုမြို့၊ ပြည်သူ့ဆေးရုံကြီးက ဆရာဝန်တယောက်ကို စစ်ကောင်စီဘက်က ဒဏ်ရာရစစ်သားတွေကို ကုသဖို့အတွက် ရုံးပေါင်းစုံထဲကို ခေါ်သွားကြတယ်လို့ ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မန္တလေး၊ အောင်မြေသာစံမြို့နယ် ၁၉ လမ်း၊ ၈၆ လမ်းနဲ့ ၈၇ လမ်းကြားက အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ အောက်တိုဘာ ၇ ရက်နေ့ နေ့ခင်း ၁ နာရီဝန်းကျင်က စစ်ကောင်စီ တပ်ကြပ်ကြီးတယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ​ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “ရုံးအရှေ့မှာပဲ သေနတ်နဲ့ ပစ်ခံလိုက်ရတာ။ ခဏကြာတော့ လူနာတင်ကားနဲ့ လာသယ်သွားတယ်။ ချက်ချင်းပြန်ပစ်သံတော့ မကြားခဲ့ဘူး။ လူနာတင်ကားလာပြီးမှ ရုံးထဲကနေ ပစ်ကြတာ။ အဆက်မပြတ်ပဲ” လို့ ဒေသခံ တယောက်က ပြောပါတယ်။

တပ်ကြပ်ကြီးဟာ အရပ်ဝတ်နဲ့ စျေးဝယ်ပြန်လာချိန်မှာ ရုံးရှေ့အရောက်မှာ သေနတ်နဲ့ ဦးခေါင်းကို ၂ ချက်ပစ်ခတ်ခံရပြီး​နောက် သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်သားတွေ အိမ်စီးကားနဲ့ လာရောက်စစ်ဆေးခဲ့ပြီး ၈၆ လမ်းကစလို့ လမ်းပိတ်ထားခဲ့တယ်လို့သိရပါတယ်။

စစ်​ကောင်စီတပ်လက်အောက်ခံ အောင်မြေသာစံအုပ်ချုပ်ရေးမှူးရုံးက လုံခြုံရေးအဖွဲ့ဝင် တပ်ကြပ်ကြီးတယောက်ကို အောက်တိုဘာ ၇ ရက်နေ့ နေ့ခင်း ၁ နာရီဝန်းကျင်က သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Generation Z Power (ပြည်သူ့ကာကွယ်ရေး မြို့ပြပျောက်ကျားတပ်ဖွဲ့)က သတင်းထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024