အမေရိကန် အထက်လွှတ်တော်ခေါင်းဆောင် ချက်ခ် ရှူးမားဟာ အမေရိကန်က နိုင်ငံရေးပါတီ ၂ ရပ် စလုံးက အောက်လွှတ်တော်အမတ်တွေပါတဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့အတူ အောက်တိုဘာ ၇ ရက် အစောပိုင်းက တရုတ်နိုင်ငံကို ရောက်လာပြီး ရှန်ဟိုင်းကွန်မြူနစ်ပါတီ အကြီးအကဲ ချန်ကျိနင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
အမေရိကန်အဖွဲ့ရဲ့ အာရှခရီးစဉ်အတွင်း တောင်ကိုးရီးယားနဲ့ ဂျပန်တို့ကိုလည်း သွားရောက် လည်ပတ်မှာပါ။
အာရှခရီးစဉ်ရဲ့ ရည်မှန်းချက်က အမေရိကန်ရဲ့ စီးပွားရေးနဲ့ အမျိုးသားလုံခြုံရေး အကျိုးစီးပွားတွေ တိုးတက်စေဖို့ပါ။
အမေရိကန်အဖွဲ့ဟာ တရုတ်နိုင်ငံမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့တွေ့ဖို့ မျှော်လင့်ထားတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန်အလုပ်သမားတွေအတွက် ကစားကွင်းအဖြစ် အဆင့်မြှင့်တင်ပေးမယ့် အမေရိကန် စီးပွားရေး လုပ်ငန်းတွေအတွက် တရုတ်နိုင်ငံထဲမှာ အပြန်အလှန် အကျိုးရှိဖို့ လိုအပ်ချက်တွေနဲ့ နိုင်ငံတော် လုံခြုံရေးအတွက် အဆင့်မြင့်နည်းပညာတွေမှာ အမေရိကန်ရဲ့ ခေါင်းဆောင်မှုကို ထိန်းသိမ်းထားဖို့ ရှူးမားက အာရုံစိုက်မယ်လို့ သူ့ရဲ့ရုံးက အစောပိုင်းမှာ ပြောခဲ့ပါတယ်။
Source/Photo-Reuters