အမေရိကန်နိုင်ငံမှာ ရွှေ့ပြောင်းအခြေချသူတွေ ဝင်ရောက်လာမှုနဲ့ ပတ်သက်ပြီး သမ္မတ ဂျိုးဘိုင်ဒင် ဟာ နယ်စပ်အတားအဆီး အစိတ်အပိုင်းအသစ်တွေ တည်ဆောက်ဖို့သာ ရှိတော့တယ်လို့ အောက်တိုဘာ ၆ ရက်က ပြောကြားခဲ့ပါတယ်။
တက္ကဆက်ပြည်နယ်ရဲ့ နယ်စပ်ဒေသမှာ ရွှေ့ပြောင်းဝင်ရောက် လာမှုအပေါ် ဟန့်တားနိုင်ဖို့အတွက် အရင်လျာ ထားတဲ့ ဘဏ္ဍာငွေအတိုင်း အသုံးပြုသွားမယ်လို့လည်း ဆိုပါ တယ်။
"ကျနော်မှာ ရွေးချယ်စရာ မရှိဘူးလို့ ပြောပြလာတယ်" ဆိုပြီး ဘိုင်ဒင်က အိမ်ဖြူတော်မှာ သတင်း ထောက်တွေကို မှတ်ချက်ပေးပါတယ်။
ဒါ့အပြင် ဘိုင်ဒင်က "အကယ်၍ လေယာဉ်တင်သင်္ဘောနဲ့ အတားအဆီးနံရံ စတဲ့ တစုံတရာ တည်ဆောက်မှု ဒါမှမဟုတ် အခွန်ဖြတ်တောက်ဖို့ ကွန်ဂရက် လွှတ်တော်အနေနဲ့ အတည်ပြုမယ် ဆိုရင် ဒါ ကိုမကြိုက်ဘူး၊ မလုပ်ချင်ဘူးဆိုပြီး ပြောလို့မရကြောင်း" ဖြည့်စွက် ပြောပါ တယ်။
၂၀၂၁ ခုနှစ်တုန်းက ဘိုင်ဒင်အနေနဲ့ အာဏာရလာချိန်မှာ " အမေရိကန် အခွန်ထမ်းပြည်သူတွေရဲ့ ဒေါ်လာငွေတွေကို နယ်စပ်နံရံတစ်ခု တည်ဆောက်ရေးအတွက် လမ်းကြောင်းပြောင်းပေးမှာ မဟုတ်ဘူး" လို့ ကတိပြုခဲ့ဖူးပါတယ်။
ဒါ့အပြင် လာမယ့်လအတွင်း အာရှပစိဖိတ် စီပွားရေးပူးပေါင်းဆောင်ရွက်မှု ဖိုရမ်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံသွားဖို့ ဖြစ်နိုင်ပေမယ့်လည်း စီစဉ်ထားတာမျိုးတော့ မရှိသေးဘူးလို့ ဘိုင်ဒင် က ဖြေဆိုပါတယ်။
အဲ့ဒီဖိုရမ်ကို နိုဝင်ဘာ ၁၁ ရက်နေ့မှ ၁၇ ရက်အထိ ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
Source/Photo-Reuters