တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပတဲ့ အာရှအားကစားပြိုင်ပွဲရဲ့ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို အောက်တိုဘာ ၆ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ ဂျပန်အမျိုးသမီးအသင်းက မြောက်ကိုရီးယား အမျိုးသမီးအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး ဗိုလ်စွဲခဲ့ပါတယ်။
ဂျပန်အမျိုးသမီးအသင်းဟာ မြောက်ကိုရီယားအသင်းရဲ့ ဖိအားပေး ကစားတာကို ကြုံတွေ့ခဲ့ပေမဲ့ နောက်ကျဂိုး ၃ ဂိုးနဲ့အတူ ဂိုးပြတ်အနိုင်ယူပြီး ၂ ကြိမ်ဆက် ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။
တတိယကြေး တံဆိပ်လုပွဲမှာ တရုတ်အမျိုးသမီးအသင်းက ဥဇဘတ်ကစ္စတန် အမျိုးသမီးအသင်းကို ၇ ဂိုး ဂိုး မရှိနဲ့ ဂိုးပြတ်အနိုင်ယူပြီး ကြေးတံဆိပ် ရရှိခဲ့ပါတယ်။
ပြိုင်ပွဲတလျောက်ဂိုးသွင်းအများဆုံးဆုကို မြောက်ကိုရီးယားတိုက်စစ်မှူး ကင်ကျုံယောင်က ၁၂ ဂိုးနဲ့ ရရှိခဲ့ပါတယ်။
ဂျပန်အမျိုးသမီးအသင်းဟာ ၂၀၂၂ အာရှအားကစားအမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ၃ကြိမ်မြေက် အဖြစ် ဗိုလ်စွဲခဲ့တာဖြစ်ပြီး မြောက်ကိုရီးယား၊ တရုတ်အသင်းတို့ရဲ့ အများဆုံးချန်ပီယံဖြစ်တဲ့ အကြိမ်ကို လိုက်မှီနိုင်ခဲ့ပြီး မြောက်ကိုရီးယား၊ တရုတ်တို့ထက် ငွေတံဆိပ်ဆု ပိုသာတာကြောင့် အောင်မြင်ဆုံးအသင်းဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။
အာရှအားကစားအမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကို အောက်တိုဘာ ၇ ရက် မှာ ဂျပန်အသင်းနဲ့ တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။