အင်ဒိုနီးရှားနိုင်ငံမှာ မီးလောင်ကျွမ်းမှုကြောင့် မလေးရှားမှာ မီးခိုးမြူတွေ တက်လာပြီး နိုင်ငံတဝန်း လေထုအရည်အသွေး ပိုမိုဆိုးရွားလာတာကို အရေးယူဆောင်ရွက်ပေးဖို့ အိမ်နီးချင်း အင်ဒိုနီးရှားနဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို မလေးရှားက တောင်းဆိုလိုက်ကြောင်း မလေးရှား ပတ်ဝန်းကျင်ဝန်ကြီးက အောက်တိုဘာ ၅ ရက်မှာ ရိုက်တာကို ပြောကြားခဲ့ပါတယ်။
မလေးရှားနိုင်ငံမှာ အခုသီတင်းပတ်အတွင်း လေထုညစ်ညမ်းမှု ညွှန်းကိန်း IPU က တချို့နေရာတွေမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ၁၀၀ နဲ့အထက်မှာ ရှိနေတာဖြစ်ပြီး ရရှိထားတဲ့ အချက်အလက်တွေအရ မီးလောင်ကျွမ်းမှုကို ဖော်ပြတဲ့ နေရာအများစုဟာ အင်ဒိုနီးရှားနိုင်ငံကဖြစ်ကြောင်း မလေးရှားနိုင်ငံရဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဝန်ကြီး နစ်ခ် နက်ဇ်မီ နစ်ခ် အာမဒ်က ပြောပါတယ်။
အင်ဒိုနီးရှားမှာ လုပ်ကိုင်နေတဲ့ မလေးရှားပိုင် စိုက်ခင်းကုမ္ပဏီတွေဆီကိုလည်း ဥပဒေတွေကို လိုက်နာပြီး မီးလောင်ခြင်းကနေ ကာကွယ်ဖို့တွေအတွက် ဒေသအာဏာပိုင်တွေနဲ့ လက်တွဲပြီး သေချာဆောင်ရွက်ကြဖို့ အစိုးရက စာပေးပို့ထားကြောင်းလည်း သူက ပြောဆိုပါတယ်။
မကြာသေးမီရက်တွေအတွင်း မလေးရှားနိုင်ငံရှိ ဒေသအများအပြားမှာ လေထုအရည်အသွေးက ကျန်းမာရေးနဲ့ မညီညွတ်တဲ့အဆင့်ကို ရောက်ရှိသွားတာကြောင့် အင်ဒိုနီးရှားနိုင်ငံက မီးရှို့မှုတွေကို ကွာလာလမ်ပူက အပြစ်တင်ခဲ့ပါတယ်။
ဂျကာတာကတော့ သူ့ရဲ့ နယ်နိမိတ်ကနေ မလေးရှားနိုင်ငံထဲကို မီးခိုးငွေ့တွေ လွင့်ပျံနေမှုကို မတွေ့ရှိရကြောင်း ငြင်းဆိုထားပါတယ်။
Source/Photo-Reuters