လာမယ့် ၃ နှစ်မှ ၄ နှစ်အတွင်း Starship ဒုံးပျံဟာ ထိန်းချုပ်စရာမလိုဘဲ အင်္ဂါဂြိုဟ်အထိ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်လိမ့်မယ်လို့ SpaceX ကုမ္ပဏီပိုင်ရှင် အီလွန်မတ်စ်ခ်က သြဂုတ် ၅ ရက်မှာ ပြောကြားလိုက်ပါတယ်။
အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တော်မှာ ကျင်းပခဲ့တဲ့ ၇၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အာကာသညီလာခံအတွင်း အီလွန်မတ်စ်ခ်အနေနဲ့ ဗွီဒီလိုလင့်ခ်ကတဆင့် မိန့်ခွန်းပြောခဲ့တာဖြစ်ပြီး Starship ရဲ့ အနာဂတ်အစီအစဉ်တွေအကြောင်း ပါဝင်ပါတယ်။
Starship ကို စီးပွားဖြစ်လေကြောင်းလိုင်းတခုနဲ့ နှိုင်းယှဉ်ကာ “လော့စ်အိန်ဂျလိစ်မှာ မနက်စာ၊ လန်ဒန်မှာ နေ့လယ်စာ၊ စင်ကာပူမှာ ညစာနဲ့ အိပ်ရာဝင်ချိန်အတွက် ပြန်လာနိုင်တဲ့အထိ” ဖြစ်နိုင်တယ်ဆိုပြီး အီလွန်မတ်စ်ခ်က မှတ်ချက်ပေးပါတယ်။
ဒါပေမဲ့လည်း ပြီးခဲ့တဲ့ ဧပြီလတုန်းက တက္ကဆက်ပြည်နယ်တောင်ပိုင်းမှာ SpaceX ရဲ့ နောက်ဆုံးမျိုးဆက် Starship အာကာသယာဉ်ကို မောင်းသူမဲ့ စမ်းသပ်ပျံသန်းမှု ပြုလုပ်ခဲ့ရာ မိနစ်ပိုင်းအတွင်း ပေါက်ကွဲသွားခဲ့ပါတယ်။
Source/Photo-Reuters