Home
မြန်မာသတင်း
ဖားကန့်မြို့ မိုးရတနာရွှေဆိုင် ဓားပြတိုက်ခံရ
DVB
·
October 6, 2023

ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်းကျေးရွာ အမှတ် ၂ ရပ်ကွက်မှာရှိတဲ့ မိုးရတနာ ရွှေဆိုင်ကို အောက်တိုဘာ ၅ ရက်နေ့မှာ ဆိုင်ကယ်စီးနင်းလာသူ လူငယ်ဦးက သေနတ်တွေနဲ့ရောက်လာပြီး ဓားပြတိုက်သွားတာလို့ ဒေသခံတွေတွေက ပြောပါတယ်။

"နေ့လယ် ၂ နာရီလောက်က ဆိုင်ကယ်နှစ်စီးနဲ့ လူငယ်လေးဦးရောက်လာတယ်။ အင်္ကျီအနက် ဘောင်းဘီအနက် mask တပ်ထားတယ်နဲ့။ သေနတ် အတိုတွေလည်းပါတယ်။ ဆိုင်က ဝန်ထမ်းတွေကို ကလစ်ကြိုးနဲ့ လက်ပြန်ကြိုးတုပ်ပြီး ရွှေနဲ့ကျောက်တွေ ဓားပြတိုက်ယူသွားတယ်" လို့ ရွှေဆိုင် အနီး နေထိုင်သူတဦးက ပြောပါတယ်။

မိုးရတနာရွှေဆိုင်က ရွှေချိန် ၁ ပိဿာကျော် နဲ့  ကျောက်စိမ်း ကာလတန်ကြေး သိန်းပေါင်း ၅၀၀၀ကျော်ဖိုးလောက်‌ ဓားပြအတိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့ကလည်း ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်က စင်ကြယ် ရွှေဆိုင်မှာ  လက်နှက်ကိုင် အမည်မသိအမျိုးသား နှစ်ဦးက ရွှေထည်ပစ္စည်းတွေကို ဓားပြတိုက် ခဲ့ဖူးပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်မှာ ဓားပြတိုက်မှု၊ လုယက်မှု၊ လူသတ်မှု၊ သေနတ်ပစ်ခတ်မှု၊ ပိုင်ရှင်မဲ့ အလောင်းစွန့်ပစ်မှု၊ အနုကြမ်းစီးမှု၊ ပြန်ပေးဆွဲမှု၊ လက်နက်ပြ ဖမ်းဆီးမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကတော့ ဖြစ်စဉ် အတော်များများကို  ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိသေးပါဘူး။

photo CJ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024