စပိန်နိုင်ငံမှာ လေပြင်းတိုက်ခတ်မှုနဲ့ ချိန်ခါမဟုတ် ရာသီဥတုပူပြင်းမှုကြောင့် ဩဂုတ်လမှာ ကြုံခဲ့ရတဲ့ တောမီး ပြန်လည်လောင်ကျွမ်းခဲ့ပြီးနောက် အောက်တိုဘာ ၄ ရက်မှာ စပိန်ကျွန်း တယ်နယ်ရိဖှေးက လူပေါင်း ၃,၀၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
စပိန်ရဲတပ်ဖွဲ့ဟာ ကြာသပတေးနေ့က ဆန်တာ အူရ်ဆူးလာနဲ့ လာအိုရိုတာဗာ မြို့တွေမှာ ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ စတင်လုပ်ဆောင်ခဲ့ပါတယ်။
နွေရာသီမှာ မီးလောင်ကျွမ်းမှုကြောင့် မောင့်ထ်တေးဒါမီးတောင် ပတ်လည်ရှိ အမျိုးသား ဥယျာဉ်အတွင်း သစ်တောမြေ ဟက်တာ ၁၅,၀၀၀ နီးပါး ပျက်စီးခဲ့ပါတယ်။
တောမီးကို ထိန်းချုပ်ထားနိုင်ပေမဲ့ တချို့နေရာတွေမှာ မီးဆက်လောင်ကျွမ်းနေပြီး မနေ့က မိုးလေဝသ အခြေအနေကြောင့် မီးက ပြန်လည်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters