ဇွန်လအစောပိုင်းက ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် စတင်ချိန်ကစပြီး ခုထိ ယူကရိန်းတပ်ဖွဲ့ဝင် ၉၀,၀၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က အောက်တိုဘာ ၅ ရက်မှာ ပြောလိုက်ပါတယ်။
ဇွန် ၄ ရက်က စတဲ့ တန်ပြန်ထိုးစစ်မှာ ယူကရိန်းအစိုးရဟာ တင့်ကား ၅၅၇ စီးနဲ့ သံချပ်ကာယာဉ် ၁၉၀၀ လောက်လည်း ဆုံးရှုံးခဲ့တယ်လို့ ပူတင်က ဆက်ပြောပါတယ်။
“ဒါတွေဟာ ပြန်မရနိုင်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်တယ်။ ကျနော်တို့ရဲ့ ပန်းတိုင်ကိုရောက်ဖို့ အေးအေး ဆေးဆေး လုပ်ဆောင်နေပြီး အဲဒါတွေက အောင်မြင်မယ်ဆိုတာ သေချာပါတယ်”လို့ ပူတင်က ပြောခဲ့ပါတယ်။
“ဘာက ဘယ်ကို သွားနေတယ်ဆိုတာ နားလည်တယ်။ ဘာလုပ်ဖို့ လိုတယ်၊ ဘာထပ်ဖြည့်ဖို့ လိုတယ်ဆိုတာလည်း နားလည်တယ်” လို့လည်း ပူတင်က ပြောပါတယ်။
ယူကရိန်းမှာ စစ်ရေး အကူအညီတွေ ခမ်းခြောက်သွားရင် အချိန် တပတ်သာ ခံတော့မယ်လို့လည်း ပူတင်က ပြောပါတယ်။
Source/Photo-Reuters