နော်ဝေစာရေးဆရာနဲ့ ပြဇာတ်ဆရာ ဂျွန်ဖော့ဆေဟာ ၂၀၂၃ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်လ်ဆုကို ရခဲ့တယ်လို့ ဆုချီးမြှင့်ရေးအဖွဲ့က အောက်တိုဘာ ၅ ရက်မှာ ကြေညာပါတယ်။ ဒီဆုကို ဆွီဒင်အကယ်ဒမီကနေ ချီးမြှင့်တာဖြစ်ပြီး ဆုကြေး ဆွီဒင်ငွေ ၁၁ သန်း ( ဒေါ်လာ ၁ သန်းခန့်) တန်ဖိုးရ ရှိမှာဖြစ်ပါတယ်။
ဖော်ဆေဟာ နော်ဝေနိုင်ငံရဲ့ တရားဝင်ဘာသာစကားနှစ်မျိုးမှာ အသုံးအနည်းဆုံး ဘာသာစကားဖြစ်တဲ့ "New Norwegian" ဘာသာ စကားနဲ့ ရေးသားသူပါ။
အသက် ၅၄ နှစ်အရွယ် ဖော်ဆေးရေးတဲ့ ဘာသာစကားကို နိုင်ငံလူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကသာ သုံးပါတယ်။
ထူးချွန်တဲ့ စာရေးဆရာကြီးဟာ ဆယ်စုနှစ် လေးစုကျော်ကာလအတွင်း ပြဇာတ်ပေါင်း နှစ်ဒါဇင်ကျော်အပြင် ဝတ္ထုတွေ၊ စာစီစာကုံးတွေ၊ ကဗျာပေါင်းချုပ်တွေနဲ့ ကလေးစာပေ ဆိုင်ရာ စာအုပ်တွေကို ထုတ်ဝေခဲ့ပါတယ်။
Source/Photo-Reuters