ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ဒဏ်ရာကြောင့် ၂ လနီးပါးအနားယူရနိုင်တယ်လို့ သိရ ပါတယ်။
ပိုလန်တိုက်စစ်မှူးဟာ ပေါ်တိုကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ခြေကျင်း ဝတ်ဒဏ်ရာရရှိခဲ့တာပါ။
ဒဏ်ရာပြင်းထန်မှုမရှိဖို့ မျှော်လင့်ခဲ့ပေမဲ့ သက်သာမလာခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမယ့် အယ်လ်ကလက်စီကို ဒါဘီအပါအဝင် ပွဲစဉ် ၈ ပွဲလောက် လွဲချော်ဖို့ ရှိပါတယ်။
ဘာစီလိုနာအသင်းမှာ လီဝန်ဒေါစကီးတစ်ဦးသာ အထောင်တိုက်စစ်မှူးစစ်စစ် ကစားသမားရှိနေပြီး တောင်ပံတိုက်စစ်မှူး ဖယ်ရန်တောရက်စ်နဲ့ အစားထိုးကစားစေဖို့ရှိပါတယ်။
အသက် ၃၅ နှစ်ရှိ လီဝန်ဒေါစကီးဟာ ဒီရာသီပြိုင်ပွဲစုံမှာ ၆ ဂိုးသွင်းပြီး ၄ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့သူ ဖြစ်ပါတယ်။
Photo-Reuters