ရွှေ့ပြောင်းနေထိုင်သူ ၂၇၁ ဦးကို တင်ဆောင်လာတဲ့ သစ်သားလှေတစင်း အောက်တိုဘာ ၃ ရက်မှာ စပိန်နိုင်ငံ ကာနာရီကျွန်းစုရဲ့ အနောက်ဘက်စွန်းက အယ်လ်ယဲရိုးကျွန်းပေါ်ကို ရောက်လာပါတယ်။
အာဖရိကကနေ အန္တရာယ်များတဲ့ ခရီးတခုကို ဖြတ်သန်းခဲ့တဲ့ ဒီလှေဟာ သူတို့တွေ့ဖူးသမျှ လူတွေ အကျဉ်းကျပ်ဆုံး တင်ဆောင်လာတဲ့ လှေပဲလို့ ကြက်ခြေနီဝန်ထမ်းတွေက ပြောပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတွေဟာ ခါယုခိုလို့ သိကြတဲ့ ကနူးပုံစံလှေနဲ့ အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်ပြီး အန္တရာယ်ရှိတဲ့ ရေလမ်းခရီးကို သွားခဲ့ကြတာပါ။
ရွှေ့ပြောင်းဒုက္ခသည်တွေကို လက်ခံတဲ့ အယ်လ်ယဲရိုးကျွန်းပေါ်က ကြက်ခြေနီအဖွဲ့ကလည်း ဒီလှေဟာ ကျွန်းစုဆီကို လှေတစင်းတည်းနဲ့ ရောက်လာသူ အရေအတွက် စံချိန်တင်ခဲ့တယ်လို့ ပြောပါတယ်။
၂၀၀၈ ခုနှစ်တုန်းက လှေတစီးတည်းနဲ့ လူပေါင်း ၂၃၄ ယောက် ရောက်လာခဲ့ဖူးပါတယ်။ နောက်ဆုံးအရေအတွက်အရ လူ ၂၈၀ ရောက်လာတာလို့ စပိန်ရဲ့ ရေကြောင်းရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအေဂျင်စီ အယ်လ်ဗာမန်တို မာရိတီမိုက နောက်ပိုင်းမှာ ပြောပါတယ်။
ဇန်နဝါရီလကနေ စက်တင်ဘာ ၃၀ ရက်နေ့အတွင်း ကာနာရီကျွန်းတွေဆီ လူ ၁၄,၉၇၆ ဦး ရောက်ရှိလာခဲ့ပြီး မနှစ်က အလားတူကာလနဲ့ စာရင် ၂၀ ရာခိုင်နှုန်းနီးပါး ပိုများတယ်လို့ စပိန်အစိုးရရဲ့ အချက်အလက်တွေက ဆိုထားပါတယ်။
Source/Photo-Reuters