သိပ္ပံပညာရှင်တွေဖြစ်တဲ့ မောင်ဂီဘာဝမ်ဒီ၊ လူးဝစ်ဘရပ်စ်နဲ့ အလက်ဇီအက်ခီမော့ဗ်တို့ဟာ ကွမ်တမ်ဒေါ့စ်တွေကို ရှာတွေ့ ပေါင်းစပ်နိုင်ခဲ့လို့ ၂၀၂၃ ခုနှစ်အတွက် ဓာတုဗေဒ ဆိုင်ရာ နိုဘယ်လ်ဆု ချီးမြှင့်ခံရတယ်လို့ တော်ဝင် ဆွီဒင်သိပ္ပံအကယ်ဒမီက အောက်တိုဘာ ၄ ရက်မှာ ကြေညာပါတယ်။
သိပ္ပံပညာရှင် ၃ ဦးဟာ ထုတ်လုပ်ရေးမှာ အက်တမ် ဒါမှမဟုတ် မော်လီကျူးအဆင့်ကို သုံးတဲ့အခါမှာ နာနိုနည်းပညာအတွင်း အရောင်တွေကို ပေါင်းထည့်ခဲ့ကြတယ်၊ သူတို့ရဲ့ တွေ့ရှိချက်ဟာ နယ်ပယ် အမြောက်အမြားမှာ အလားအလာ ကောင်းတွေ ရှိနေခဲ့တယ်လို့ ဆုချီးမြှင့်တဲ့ အကယ်ဒမီက ပြောပါတယ်။
နာနိုအမှုန်တွေနဲ့ ကွမ်တမ်အစက်အပြောက်တွေကို LED မီးလုံးတွေနဲ့ တီဗီ ဖန်သားပြင်တွေမှာသုံးပြီး ကင်ဆာတစ်ရှူးတွေကို ဖယ်ရှားချိန်မှာ ခွဲစိတ် ဆရာဝန်တွေကို လမ်းညွှန် ဖို့လည်း သုံးနိုင် ပါတယ်။
အခုလို ဆုချီးမြှင့်ခံရတဲ့အပေါ် ပူးတွဲဆုရှင် ဘာဝမ်ဒီကတော့ သူဟာ အိပ်ငိုက်ခြင်း၊ အံ့သြခြင်းနဲ့ ဂုဏ်ယူခြင်းတို့ကို ရောနှောခံစားရတယ်လို့ အမေရိကန်ပြည်ထောင်စုကနေ ဖုန်းနဲ့ နိုဘယ်လ် ကော်မတီကို ပြောခဲ့ ပါတယ်။
ဗုဒ္ဓဟူးနေ့ အစောပိုင်းက ဆုချီးမြှင့်တဲ့ အကယ်ဒမီဟာ သိပ္ပံပညာရှင် သုံးဦးရဲ့ နာမည်တွေကို အမှတ်မထင် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters