စပါးအသင်းနဲ့ပွဲစဉ်ကို ပြန်ကစားခိုင်းမှသာ မျှတမှုရှိမှာဖြစ်ကြောင်း လီဗာပူးနည်းပြ ကလော့ပ်က ပြောသွားပါတယ်။
အဲဒီပွဲစဉ်မှာ စပါးအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး လီဗာပူးဘက်က လူးဝစ်ဒီယက်ဇ်ရဲ့ ဦးဆောင်ဂိုးကို လူကျွံတယ်လို့ မှားယွင်းဆုံးဖြတ်ပြီး ဂိုးအဖြစ်ကနေ ပယ်ဖျက်ခဲ့တာပါ။
လူကျွံဘောအဖြစ် မှားယွင်းဆုံးဖြတ်မိတဲ့အပေါ် ဒိုင်လူကြီးအဖွဲ့ ဘက်ကလည်း တောင်းပန် စကားဆိုခဲ့ပေမဲ့ ရလဒ် ပြောင်းလဲနိုင်တော့မှာမဟုတ်ကြောင်း ကလော့ပ်က ပြောပါတယ်။
တရားမျှ တမှုပြန်ရဖို့ဆိုရင်တော့ လီဗာပူးနည်းပြတစ်ဦးအနေနဲ့ မဟုတ်ဘဲ ဘောလုံးပရိသတ် တစ်ဦးအနေနဲ့ ပြောရရင် ပြန်ကစားခိုင်းတာကသာ မျှတတဲ့အဖြေ ဖြစ်လာမှာဖြစ်ကြောင်း ကလော့ပ်ကပြောပါ တယ်။
ဒါပေမဲ့ ဒီပြောဆိုချက်ဟာ ဖြစ်လာနိုင်မှာမဟုတ်ကြောင်း လီဗာပူးနည်းပြ ကလော့ပ်က ပြောသွားခဲ့ပါတယ်။
Photo-Reuters