Home
နိုင်ငံတကာ
ရုရှားနယ်စပ်အနီးတွင် ယူကရိန်း မိုင်းရှင်းလင်း
DVB
·
October 3, 2023
UkrainianDetectMineDron_WorldNews_03102023

ယူကရိန်းနိုင်ငံအရှေ့ပိုင်း ခါခိဗ်ဒေသက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းရေး အဖွဲ့တဖွဲ့ဟာ ရုရှားနယ်စပ်ကနေ ကီလိုမီတာ အနည်းငယ်အကွာမှာရှိတဲ့ မိုင်းကွင်းကို အောက်တိုဘာ ၁ ရက်က ရှင်းလင်းခဲ့ပါတယ်။

နိုင်ငံတဝန်း လယ်သမားတွေက ဆောင်းရာသီ ဂျုံစိုက်ပျိုးရေးအတွက် မျိုးစေ့တွေကို စတင်ကြဲချခဲ့ကြချိန်မှာ ခုလိုရှင်းလင်းတာပါ။

ပရဟိတရန်ပုံငွေအဖွဲ့ ‘Demining of Ukraine’ က ဒါဟာချီမြို့နားက အဂ္ဂရိုအင်ဗက်စ် လုပ်ငန်းပိုင် လယ်ကွင်းတွေမှာ ထောင်ထားတဲ့ မိုင်းတွေကိုရှာဖို့ သတ္တုထောက်လှမ်းကိရိယာကို သယ်ဆောင်ထားတဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံး ဒရုန်းကြီးကို သုံးခဲ့ပါတယ်။

ယူကရိန်းသိပ္ပံအကယ်ဒမီက ဘူမိရူပဗေဒပညာရှင် ယဲ့ဗ်ဟန် ပေါ်လီယာချန်ကိုက သူတို့ရဲ့ သတ္တုရှာဖွေစက်ဟာ သံဓာတ်ပါတဲ့ ပစ္စည်းတွေကို မြေအောက်မီတာဝက်အထိ ထောက်လှမ်းနိုင်ပြီး ဒရုန်းဟာ ပုံမှန်ထောက်လှမ်းတဲ့ ကိရိယာတွေသုံးတဲ့ စစ်အင်ဂျင်နီယာ တပ်သားတွေထက် မိုင်းကွင်းတွေကို ပိုမြန်မြန်ရှာနိုင်တယ်လို့ ပြောပါတယ်။

ဒီနည်းစနစ်ဟာ ရန်ပုံငွေအဖွဲ့အတွက် ပထမဆုံးဖြစ်ပြီး စစ်အင်ဂျင်နီယာတပ်က မိုင်းကွင်းတွေကို တွေ့ရှိပြီးတဲ့နောက် ချက်ချင်းသိမ်းပိုက်အပြီး မိုင်းရှင်းတဲ့အချိန်ကို သိသိသာသာ တိုစေတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်အင်ဂျင်နီယာတပ်ဖွဲ့ အကြီးအကဲ ယန်း အာတီယူခါ့ဗ်က အဖွဲ့ရဲ့ ရည်ရွယ်ချက်ဟာ  ဒရုန်းတွေနဲ့ စစ်အင်ဂျင်နီယာတပ်သားတွေ ပူးပေါင်းပြီး လျှင်မြန်၊ ယုံကြည်စိတ်ချရတဲ့ မိုင်းရှင်းလင်းရေးဆိုင်ရာ လုပ်နည်းကိုင်နည်းစနစ်နဲ့ စည်းမျဉ်းကို တီထွင်ဖို့ဖြစ်တယ်လို့ ပြောပါတယ်။

အခုနှစ်အစောပိုင်းက ယူကရိန်းတောင်ပိုင်း မိုက်ကိုလေ့ဗ်ဒေသက မိုင်းကွင်းတွေကို တစိတ်တပိုင်း စမ်းသပ်ခဲ့တယ်လို့လည်း သူက ပြောခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024