ဇင်ဘာဘွေအာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်က မသုံးတော့တဲ့ ရွှေတွင်းဟောင်း ပြိုကျမှုကြောင့် မြေအောက်မှာ ပိတ်မိနေတဲ့ အသက်ရှင်ကျန်ရစ်သူတွေကို အောက်တိုဘာ ၂ ရက်မှာ ရှာဖွေနေဆဲ ဖြစ်ပြီး ဆွေမျိုးတချို့က သူတို့ချစ်ရသူတွေကို ကယ်နိုင်မယ့် မျှော်လင့်ချက်တွေ မရှိတော့ပါဘူး။
ပြိုကျလွယ်တဲ့ စင်ဟောင်းတွေနဲ့ သတ္ထုတူးဖော်ရင်း လက်ဖြစ် အသေးစားသတ္တုတွင်း တူးတဲ့ လူတွေက အာဏာပိုင်တွေကို ဖီဆန်နေကြလို့ သတ္တုရှာဖွေရေး မိုင်းတွင်း မတော်တဆမှုတွေဟာ ဇင်ဘာဘွေမှာ ဖြစ်လေ့ရှိပါတယ်။
မြို့တော် ဟရားရေရဲ့ အနောက်ဘက် ၆၂ မိုင်အကွာ ချေဂူတူမှာ စက်တင်ဘာ ၂၉ ရက်က နောက်ဆုံးရွှေတွင်း ပြိုကျခဲ့တာပါ။
ကျကျနန ပိတ်သိမ်းတာ မလုပ်ရသေးတဲ့ ရွှေတွင်းဟောင်းနေရာ ပြိုကျလို့ လူ ၁၃ ဦး သေဆုံးခဲ့တယ်လို့ ဒုတိယ သမ္မတ ကွန်စတန်တီနို ချီဝမ်ဂါက ဒေသန္တရ သတင်းစာ Sunday Mail ကို ပြောပါတယ်။
မီတာ ၇၀၀ နက်သော ရွှေတွင်း ပြိုကျပြီးတဲ့နောက် မြေအောက်မှာ လူဘယ်လောက် ပိတ်မိနေသေးသလဲ ဆိုတာကို သတ္ထုတွင်း လက်ထောက်ဝန်ကြီး ပိုလိုက် ကမ်ဘာမူရာက မပြောနိုင် သေးပါဘူး။
ဒါဇင်နဲ့ချီတဲ့ မိသားစုဝင်တွေဟာ ဆွေမျိုးတွေရဲ့ သတင်းကို မျှော်လင့်ပြီး တဲထဲမှာ စောင့်ဆိုင်းနေ ခဲ့ကြပါတယ်။ ဆွေမျိုးသားချင်း တချို့ကတော့ အဆိုးဆုံးကို အခြေအနေကို စိုးရိမ် ကြောက်ရွံ့ နေကြပါတယ်။
Source/Photo-Reuters