Home
နိုင်ငံတကာ
ဇင်ဘာဘွေတွင် ဆင်အကောင် ၂၀၀ ခန့် သတ်ပြီး အငတ်ဘေးဆိုက်သည့်ဒေသများကို ဝေမည်
DVB
·
September 18, 2024
Photo - REUTERS/Philimon Bulawayo

ဇင်ဘာဘွေနိုင်ငံမှာ မိုးခေါင်ရေရှားမှုဒဏ်ခံရတဲ့ ဒေသတွေက လူမှုအသိုက်အဝန်းတွေကို ကျွေးမွေးဖို့အတွက် နိုင်ငံတဝန်းမှ ဆင်ကောင်ရေ ၂၀၀ လောက်ကို သတ်ဖြတ်ဖို့ အစိုးရက စီစဉ်နေတယ်လို့ ဇင်ဘာဘွေ တောရိုင်းတိရစ္ဆာန် အာဏာပိုင်တွေက စက်တင်ဘာ ၁၇ ရက်မှာ ပြောကြားခဲ့ပြီး ဒါဟာ ၁၉၈၇ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်ရပ်လို့ ဆိုပါတယ်။

အာဖရိကတောင်ပိုင်းဟာ ဆယ်စုနှစ် ၄ ခုအတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုဒဏ်ကို ကြုံတွေ့နေရပြီး ဒေသအနှံ့ ကောက်ပဲသီးနှံတွေလည်း ပြတ်တောက်သွားတာကြောင့် လူပေါင်း ၆၈ သန်းဟာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်နေရတာပါ။

အသားတွေကို မိုးခေါင်ရေရှားမှုဒဏ်ခံ ရပ်ရွာတွေဆီ ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။

ဟွမ်ဂယ်၊ အမ်ဘီယား၊ ရှိုလော့တ်ရှိုနဲ့ ချီရဒ်ဇီ ခရိုင်တွေမှာ ဆင်သုတ်သင်မှု ပြုလုပ်မှာဖြစ်ပြီး အရင်လက ဆင်ကောင်ရေ ၈၃ ကောင်ကို သုတ်သင်ပြီးတော့ မိုးခေါင်မှုဒဏ်ခံရတဲ့ လူတွေဆီ အသားတွေ ဝေငှခဲ့တဲ့ အိမ်နီးချင်း နမီးဘီးယားနိုင်ငံရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာလုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

ဇင်ဘာဘွေ၊ ဇမ်ဘီယာ၊ ဘော့ဆွာနာ၊ အန်ဂိုလာနဲ့ နမီးဘီးယား စတဲ့ အာဖရိကတောင်ပိုင်း ၅ နိုင်ငံရှိ ထိန်းသိမ်းရေးနယ်မြေမှာ ဆင်ကောင်ရေ ၂ သိန်းထက်မနည်း နေထိုင်တယ်လို့ ခန့်မှန်းရပြီး ကမ္ဘာတဝန်း ဆင်ကောင်ရေအများဆုံးရှိတဲ့ဒေသ ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013