Home
မြန်မာသတင်း
ကလေးမြို့တွင် နေအိမ် ၂ အိမ် ဓားပြတိုက်ခံရ
DVB
·
October 2, 2023
Kalay Tsp

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မြို့လှရပ်ကွက် နယ်မြေ ၉ က နေအိမ် ၂ အိမ်ကို အောက်တိုဘာ ၁ ရက် ညနေမှာ လက်နက်ကိုင် ၂ ယောက်က ဓားပြတိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောတယ်။

မြို့လှရပ်ကွက်နေသူတဦးက “ပထမဆုံးအိမ်ကို အရင်ဝင်ပြီး ပိုက်ဆံ ၃ သိန်း တောင်းတာ။ သူတို့က သေနတ်အတိုတွေနဲ့ ခြိမ်း‌ခြောက်တာ။ မရှိလို့ ၂ သိန်းပဲ ပေးလိုက်ရတာ။ နောက်ထပ် တအိမ်အတွင်းကို ဝင်‌ပြီး ကျပ်သိန်း ၂၀ တိတိတောင်းလို့ ပေးလိုက်ရတာ” လို့ ပြောပါတယ်။

အရပ်ဝတ်တွေနဲ့ လက်နက်ကိုင် ၂ ယောက်ဟာ နေအိမ် ၂ အိမ်က စုစုပေါင်း ၂၂ သိန်းကျပ်ကို ဓားပြတိုက်ခဲ့ပြီးနောက် မြို့လှရပ်ကွက်က‌နေ တောင်ဇလပ်ရပ်ကွက်ဘက်ကို ထွက်ခွာသွားကြတယ်လို့ ဆိုပါတယ်။

ဓားပြတိုက်သူ ၂ ယောက်ဟာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဒေသခံ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပေမဲ့ ဒီဗွီဘီအနေနဲ့တော့ အတည်မပြုနိုင်သေးပါဘူး။

ဩဂုတ်လတုန်းကလည်း ကလေးမြို့ အရှေ့ပိုင်းရပ်ကွက်‌တွေဖြစ်တဲ့ အောင်သစ္စာနဲ့ အောင်မင်္ဂလာရပ်ကွက်မှာ ဓားပြတိုက်မှု ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါ‌သေးတယ်။

အဲ့ဒီ ဓားပြတိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ လာရောက်စုံစမ်း အရေးယူတာ မရှိသလို ဒေသခံတွေကလည်း သွားရောက်တိုင်ကြားတာ မရှိကြပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024