စလိုဗက်နိုင်ငံမှာ ပါလီမန် ရွေးကောက်ပွဲကို စနေနေ့ကကျင်းပရာမှာ ပြည်သူတွေတွေ စတင်မဲပေးခဲ့ကြပြီး အိမ်နီးနားချင်း ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ ရပ်ဆိုင်းဖို့ ကတိပြုထားတဲ့ လက်ဝဲဝါဒီ ၀န်ကြီးချုပ်ဟောင်း ရောဘတ် ဖှီကို နဲ့ အနောက်လစ်ဘရယ် လိုလားသူတွေကြား အပြိုင်အဆိုင်ဖြစ်နေပါတယ်။
ခုသီတင်းပတ်အစောပိုင်းက နောက်ဆုံး သဘောထားစစ်တမ်းအရ ပါတီနှစ်ရပ် စလုံး ပူပန်နေကြပြီး အနိုင်ရသူဟာ မေလကစပြီး ပြည်သူ ၅ သန်းခွဲကို အုပ်ချုပ်နေတဲ့ အိမ်စောင့်အစိုးရကို အစားထိုးဖို့ အစိုးရဖွဲ့နိုင်ရေး ပထမဆုံးအခွင့်အရေးရမယ်လို့ မျှော်လင့်ရပါတယ်။
ဖှီကို ဦးဆောင်တဲ့ အစိုးရသာ အာဏာရခဲ့ရင် ဒါဟာ ဥရောပသမဂ္ဂက ယူကရိန်းကို ထောက်ခံမှုအပေါ် သဘောတူညီချက်ကို စိန်ခေါ် နေတဲ့ အီးယူနိုင်ငံတွေအဖြစ် ဟန်ဂေရီနိုင်ငံနဲ့ စလိုဗက်တို့ ပူးပေါင်းမယ့် အဓိပ္ပာယ်ပဲလို့ ရိုက်တာသတင်းဌာန က သုံးသပ် ပါတယ်။
ယူကရိန်းက ရုရှားရဲ့ ကျူးကျော်မှုကို ဆန့်ကျင်ရာမှာ စည်းလုံးညီညွတ်မှု ဆက်ထားဖို့ အီးယူက ကြိုးပမ်းနေတာပါ။
ပိုလန်က ယူကရိန်းကို လိုလားဆဲဖြစ်ပေမဲ့ လာမယ့်လ ရွေးကောက်ပွဲကို ရင်ဆိုင်ရမယ့် ပိုလန် အမျိုးသားရေးဝါဒီ PiS သာ အနိုင်ရမယ်ဆိုရင် လစ်ဘရယ်ဝါဒကို လူသိရှင်ကြား ရန်လိုတဲ့ အစိုးရ တွေနဲ့အတူ ဥရောပအရှေ့ပိုင်း ကွန်မြူနစ်ဟောင်းနိုင်ငံများ အစုအဖွဲ့ထဲမှာ ပိုလန်ပါ ပေါင်းထည့် ရတော့မယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
Source/Photo-Reuters