စပါးနဲ့ လီဗာပူးတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မှားယွင်းမှုရှိတဲ့ခဲ့တဲ့ VAR ဒိုင်နှစ်ယောက်ကို တာဝန်ထမ်းဆောင်ခွင့် ရုပ်သိမ်းခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ လီဗာပူးတိုက်စစ်မှူး လူးဝစ်ဒီယက်ဇ်ရဲ့ သွင်းဂိုးဟာ လူကျွံဘောဖြစ်ခဲ့တယ်ဆိုပြီး VAR ဒိုင်လူကြီးတွေက မှားယွင်း ဆုံးဖြတ်ခဲ့တာပါ။
အဲဒီအတွက် ပရီးမီးယားလိဂ် ဒိုင်လူကြီးအဖွဲ့ဘက်ကလည်း မှားယွင်း ဆုံးဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး လီဗာပူးအသင်းကို တောင်းပန်ခဲ့ပါတယ်။
လူကျွံမှုရှိ၊ မရှိနဲ့ ပတ်သက်ပြီး မှားယွင်းဆုံးဖြတ်ခဲ့တဲ့ VAR ဒိုင်လူကြီးက ဒါရင်းအင်္ဂလန် ဖြစ်ပြီး လက်ထောက် ဒိုင်လူကြီးအဖြစ် ဒန်းကွတ်ခ်တို့က တာဝန်ယူခဲ့ကြတာပါ။
အဲဒီဒိုင်နှစ်ဦးဟာ စပါးနဲ့ လီဗာပူးပွဲစဉ်ကို တာဝန်မယူခင် နှစ်ရက်အလိုက ယူအေအီးလိဂ်မှာ သွားရောက် တာဝန်ယူခဲ့ကြသူတွေဖြစ်ကြောင်းလည်း ပေါ်ထွက် လာခဲ့ပါတယ်။
PGMOL လို့ခေါ်တဲ့ ပရီးမီးယားလိဂ်ဒိုင်လူကြီးအဖွဲ့ဘက်ကတော့ မှားယွင်းမှုရှိခဲ့တဲ့ VAR ဒိုင်နှစ်ဦးကို လက်ကျန်ပရီးမီးယားလိဂ်နှစ်ပွဲမှာ တာဝန်ထမ်းဆောင်ခွင့် ရုပ်သိမ်းခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
Photo-Reuters