Home
မြန်မာသတင်း
ပေါင်မြို့နယ်၌ ဆိုင်ကယ် ၁ စီးတွင် အမျိုးသား ၂ ဦး  မစီးရန် စစ်ကောင်စီ တားမြစ်
DVB
·
October 1, 2023
384561614_261808333515797_9139827165081162771_n

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ဆိုင်ကယ်တစီးကို အမျိုးသား ၂ ယောက် မစီးဖို့ စစ်ကောင်စီက ဒီနေ့ အောက်တိုဘာ ၁ ရက်စွဲနဲ့ ဒေသန္တရအမိန့် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဆိုင်ကယ်တစီးမှာ အမျိုးသား ၂ ယောက်မစီးရသလို၊ အမျိုးသမီးတယောက်နောက်မှာ အမျိုးသားတယောက် မစီးဖို့တားမြစ်ထားတာဖြစ်ပြီး အမျိုးသားတယောက် နောက်မှာတော့ အမျိုးသမီးတယောက်စီးနိုင်သလို အမျိုးသမီး ၂ ယောက်လည်း စီနင်းနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပေါင်မြို့နယ်အတွင်း ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့အချိန်မှာ လုံးဝ မစီးနင်းဖို့လည်း တားမြစ်ပါတယ်။

ဒေသခံတယောက်က “ဆိုင်ကယ်ကယ်ရီ ဆွဲနေသူတွေအတွက် ထမင်းငတ်မယ့် အခြေအနေ ဖြစ်နေပြီ။ မိခင် မအားလပ်တဲ့အချိန် ဖခင်ဖြစ်သူက သားဖြစ်သူကို ကျောင်းပို့ ကျောင်းကြို လုပ်လို့မရတော့ဘူး ဖြစ်နေပြီ။ သူ့ဘက် ကိုယ့်ဘက်လည်း ကြည့်ကြဦး။ တဖက်သတ် ထုတ်ပြန်ချက်ဖြစ်တယ်” လို့ ပြောပါတယ်။

အခု ထုတ်ပြန်ချက်ဟာ ဒီနေ့ကနေ ရက်ပေါင်း ၆၀ အထိ အတည်ဖြစ်ပြီး မလိုက်နာရင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ထိန်းသိမ်းစစ်ဆေးတာကို ခံရမယ့်အပြင် ရာဇသတ်ကြီး ပုဒ်မ ၁၈၈ နဲ့ အရေးယူခံရမယ်လို့လည်း ဆိုပါတယ်။

ပေါင်မြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ၊ သတင်းပေးတွေ၊ အုပ်ချုပ်ရေးမှူးတွေကို PDF တွေက ဆိုင်ကယ်နဲ့ မကြာခဏ တိုက်ခိုက်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မွန်ပြည်နယ်ထဲမှာ ရေးမြို့နယ်မှာလည်း အခုလို ဆိုင်ကယ်စီးတာကို စစ်ကောင်စီက ကန့်သတ်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024