အမေရိကန်နိုင်ငံ နီးဗားဒါးပြည်နယ် ပယ်ရာဒိုက်စ်မြို့ငယ်လေးမှာရှိတဲ့ "စဖီးယား” အမည်ရ စက်လုံး ပုံသဏ္ဍာန် ဖျော်ဖြေရေးကွင်းရဲ့ ဖွင့်ပွဲအခမ်းအနားကို ဟောလီးဝုဒ် ကြယ်ပွင့်တွေနဲ့ ပရိသတ်တွေ တက်ရောက် လာခဲ့ကြပါတယ်။
စက်တင်ဘာ ၂၉ ရက် ညပိုင်းက ကျင်းပခဲ့တဲ့ ဒီဖျော်ဖြေပွဲမှာ ယူတူးရော့ခ်အဖွဲ့အနေနဲ့ ဖျော်ဖြေပေးခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် စဖီးယားမှာ ယူတူးက ပထမဆုံးဖျော်ဖြေခဲ့တဲ့ ဂီတာအဖွဲ့တခု ဖြစ်လာခဲ့သလို အသစ်ဆန်းဆုံးသော တေးဂီတဖျော်ဖြေပွဲကျင်းပရာ နေရာလည်းဖြစ်ပါတယ်။
ဒါ့အပြင် စဖီးယားဟာ "ကမ္ဘာ့ အကြီးမားဆုံးသော" စက်လုံးပုံစံ အဆောက်အအုံ တခုဖြစ်တဲ့အပြင် ဖျော်ဖြေတင်ဆက်မှုတွေရဲ့ အနာဂတ်ပါ ဖြစ်တယ်လို့ မှတ်ချက်ပေးကြပါတယ်။
ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံအထိ ကုန်ကျခဲ့တဲ့ ဒီအဆောက်အအုံရဲ့ အပြင်ပိုင်းတစ်ခုလုံးမှာ အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ LED မီးတွေနဲ့အတူ ဖုံးလွှမ်းထားတာ ဖြစ်ပါတယ်။
စဖီးယားရဲ့ အတွင်းပိုင်းမှာလည်း ကမ္ဘာ့အကြီးမားဆုံးနဲ့ အရည်အသွေးအမြင့်ဆုံး LED ဖန်သားပြင် တွေပါ တပ်ဆင်ထားတာကြောင့် ပွဲကြည့်ပရိသတ်တွေအတွက် တမူထူးခြားတဲ့ အတွေ့အကြုံတွေ ခံစားရမှာဖြစ်တယ်လို့ ဆိုပါတယ်။
နာမည်ကြီး အိုင်းရစ်ရှ် ရော့ခ်ဘန် ယူတူး ကတော့ လာမယ့်ဒီဇင်ဘာ ၁၆ ရက် မတိုင်ခင်အထိ ဖျော်ဖြေဖွဲပေါင်း ၂၅ ပွဲဆက်တိုက်ကို စဖီးယားမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
Source/Photo-Reuters