အစ္စရေးနိုင်ငံ တဲလ်အဗီမြို့က ရင်ပြင်မှာ ထောင်သောင်းချီတဲ့ အစ္စရေးနိုင်ငံသားတွေ ဆန္ဒပြနေလို့ အစ္စရေးအလံပင်လယ်ကြီးကို စက်တင်ဘာ ၃၀ ရက်က မြင်ရတာပါ။
ညွန့်ပေါင်းအစိုးရက စီစဉ်နေတဲ့ တရားရေး အလုံးစုံ ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်ကြောင်း ဖော်ထုတ် ဆန္ဒပြဖို့ သီတင်းပတ် ၃၉ ပတ်မြောက် အဖြစ် စုရုံးခဲ့တာလည်း ဖြစ်ပါတယ်။
ဆောင်းရာသီစိုက်ပျိုးရေးပွဲတော်ကို ဆင်နွှဲတဲ့ ဆူးခို့ထ် ဂျူးယဉ်ကျေးမှု အားလပ်ရက် သီတင်းပတ်ရဲ့ ပထမဆုံးနေ့ဖြစ်တဲ့ စက်တင်ဘာ ၃၀ ရက်မှာ ခုလို ဆန္ဒပြတာလည်း ဖြစ်ပါတယ်။
အစ္စရေးအစိုးရရဲ့ တရားရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုဟာ နှစ်တွေအတွင်း အစ္စရေးအတွက် အဆိုးဆုံး ပြည်တွင်းနိုင်ငံရေး အကြပ်အတည်း ဖြစ်လာပါတယ်။
ပြုပြင်ပြောင်းလဲရေးကို စတင်မိတ်ဆက်တဲ့ ဇန်နဝါရီလကနေ ခုထိ အပတ်စဉ် ဆန္ဒပြပွဲတွေမှာ လူသိန်းချီ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု နဲ့ အတိုက်အခံတွေကြား သဘောတူညီချက်တွေ ရဖို့ အားထုတ် ကြိုးပမ်းနေတာဟာလည်း အသီးအပွင့် ဖြစ်ထွန်းအောင်မြင်မှု မရှိသေးပါဘူး။ အကြပ်အတည်း ပိုပြီး နက်ရှိုင်းလာမှာကို စိုးရိမ်နေကြရပါတယ်။
Source/Photo-Reuters