ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ထွက်ခွာပေးရန် စက်တင်ဘာလ ၂၉ ရက်နေ့မှာ ဒေသခံပြည်သူတွေ ဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်
စစ်ကောင်စီတပ်တွေဟာ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာကြောင့် ဒေသအတွင်းတိုက်ပွဲတွေ ထပ်မံဖြစ်လာမှာကိုလည်း စိုးရိမ်နေကြရတာပါ။
ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ KNLA PDF တွေအကြားမှာ စစ်ရေးတင်းမာလာနေတဲ့ အခြေအနေမှာရှိနေပြီး ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်နေသလို စစ်ကောင်စီဘက်က အထိနာနေပါတယ်။