လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုနီးပါးက အမေရိကန်နိုင်ငံ လက်စ်ဗီးဂတ်စ်မြို့မှာ နာမည်ကြီးဟစ်ဟော့ အဆိုတော် တူးပက် ရှကောအပေါ် သတ်ဖြတ်မှုနဲ့ သံယယရှိတဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၉ ရက်မနက်ပိုင်းက ဒွိန်း "ကိဖ် ဒီ" ဒေးဗစ်(စ်)ဆိုတဲ့ ဂိုဏ်းစတားတစ်ဦးကို လက်စ်ဗီးဂတ်စ် ရဲတပ်ဖွဲ့အနေနဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။
အေပီသတင်းဌာန ရဲ့ အစီရင်ခံချက်ထဲမှာလည်း တိကျတဲ့စွဲချက် ဒါမှမဟုတ် တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး ရှင်းလင်းစွာ မသိရသေးဘူးလို့ ဖော်ပြ ထားပါတယ်။
ဒါ့အပြင် အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်အပေါ် ကိုးကားကာ လာမယ့်သောကြာနေ့ နှောင်းပိုင်းမှာ စွဲချက် တင်နိုင်ဖွယ် ရှိတယ်ဆိုပြီး မျှော်မှန်းထားကြပါတယ်။
၁၉၉၆ ခုနှစ်၊ စက်တင်ဘာ ၇ ရက်နေ့မှာ အသက် ၂၅ နှစ်အရွယ် တူးပက်ကို ကားတစ်စီးပေါ်က ပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့ပြီး ၆ ရက်အကြာ ဆေးရုံမှာတင် ကွယ်လွန်သွားခဲ့ပါတယ်။
ကမ္ဘာ့တဝန်း အခွေချပ်ပေါင်း ၇၅ သန်းကျော် ရောင်းချနိုင်ခဲ့တဲ့ တူးပက်ဟာ ဆုပေါင်းများစွာရရှိခဲ့တဲ့ ရက်ပ်ပါ တဦး ဖြစ်သလို တက်ကြွလှုပ်ရှားသူနဲ့ သရုပ်ဆောင် တဦးလည်း ဖြစ်ပါတယ်။
ဒီဖြစ်စဉ်အတွင်း သေနတ်နဲ့ပစ်ခတ်ချိန်မှာ ဒေးဗစ်(စ်)က ကတ်ဒီးလက် ကားပေါ် သူကိုယ်တိုင် ရှိနေခဲ့တယ်ဆိုပြီး သူ့ရဲ့ ၂၀၁၉ ကိုယ်တွေ့မှတ်တမ်းနဲ့ အင်တာဗျူးတွေထဲမှာ ဝန်ခံထားပါတယ်။
Source/Photo-Reuters