ပါကစ္စတန်နိုင်ငံ ခိုက်ဘာ ပက်တွန်ခွာပြည်နယ်မှာ စက်တင်ဘာ ၂၉ ရက်က ဒုတိယအကြိမ် ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ရာမှာ အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး အပျက်အစီးတွေ အောက်မှာလည်း လူ ဒါဇင်နဲ့ချီပြီး ပိတ်မိနေခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ခိုက်ဘာ ပက်တွန်ခွာပြည်နယ် ဟန်ဂူမြို့ရှိ ရှိ ဗလီတခုမှာ တမန်တော် မိုဟာမက်ရဲ့ မွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပနေချိန်အတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဗလီအမိုး ပြိုကျခဲ့ ကြောင်း ဂျီအို နယူးစ် ရုပ်သံဌာနမှ ပြောကြားခဲ့ပြီး အပျက်အစီးတွေအောက်မှာ လူ ၃၀ မှ ၄၀ လောက် ပိတ်မိနေခဲ့ကြောင်း သိရပါတယ်။
အနောက်တောင်ပိုင်း ဘာလိုချီစတန်ပြည်နယ်က ပထမဆုံး ပေါက်ကွဲမှုကြောင့် လူ ၅၂ ဦး သေဆုံးခဲ့ ကြောင်း ခရိုင်ကျန်းမာရေးအရာရှိ အဗ္ဗဒူလ် ရာရှိဒ် က ပြောကြားခဲ့ပါတယ်။
အခြေခံအားဖြင့် ဒါဟာ ၁၂ ကြိမ်မြောက် ပထမနွေဦး ပရောဖက်မိုဟာမက်ရဲ့မွေးနေ့မှာမှ ဗလီ ၂ ခုမှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပြီး ဒါတွေကို လုံးဝ ရှုံ့ချပါတယ်လို့ ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး ဆာဖှာရာ ဘူဂ်တီ က ပြောပါတယ်။
စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေ အရှိန်အဟုန်နဲ့ မြင့်တက်လာနေတဲ့ကြားမှာ အခုဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေအတွက် ဘယ်အဖွဲ့ကမှ တာဝန်ရှိကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။
Source/Photo-Reuters