မြေထဲပင်လယ်အတွင်း အထူးသဖြင့် ရွှေ့ပြောင်းနေထိုင်သူတွေကို သင်္ဘောစေလွှတ် ကယ်ဆယ်ရေး တွေ လုပ်ဆောင်နေတဲ့ ဂျာမန် အန်ဂျီအို Sea-Watch အဖွဲ့အစည်းက ရွှေ့ပြောင်းလှေ တစီးဟာ လစ်ဗျား ကင်းလှည့်သင်္ဘော တစီးနဲ့ တိုက်မိပြီးနောက် ပင်လယ်ပြင်မှာ နစ်မြုပ်သွားတဲ့ ဗီဒီယိုဖိုင်ကို စက်တင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
လူ ၅၀ လောက် ရေထဲကျသွားကြောင်း Sea-Watch ဝန်ထမ်း တယောက်က ဗီဒီယိုထဲမှာ ပြောနေ တာကို ကြားရပါတယ်။
လူတွေ ပျောက်ဆုံးသွားခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း Sea-Watch ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရိုက်တာကတော့ အဲဒီပြောဆိုချက်တွေကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
သီးခြားအနေနဲ့ စက်တင်ဘာ ၂၈ ရက်က နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) မှ ဦးစီး ဆောင်ရွက်တဲ့ ဂျီအိုဘဲရန့်စ် ရွှေ့ပြောင်းကယ်ဆယ်ရေးသင်္ဘောဟာ မြေထဲပင်လယ် အလယ်ပိုင်း လစ်ဗျားနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်က နိုင်ငံတကာရေပိုင်နက်အတွင်း ကယ်ဆယ်ရေး လုပ်ဆောင် နေချိန်မှာ လူပြည့်ကျပ်နေတဲ့ သစ်သားလှေပေါ်မှ ရွှေ့ပြောင်းနေထိုင်သူ ၆၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ ပါတယ်။
ကယ်ဆယ်ထားတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကို သယ်ဆောင်လာတဲ့ အဲဒီသင်္ဘောဟာ အခုခါ အီတလီကို ထွက်ခွာနေပြီဖြစ်ပြီး အောက်တိုဘာ ၁ ရက်မှာ ဆိပ်ကမ်းကို ရောက်ရှိမယ်လို့ မျှော်လင့်ရပါတယ်။
ဝန်ကြီးချုပ် ဂျော်ဂျာ မယ်လနီဟာ သူ အာဏာရလာချိန်မှာ အာဖရိကမြောက်ပိုင်းမှ ရွှေ့ပြောင်း နေထိုင်သူအသစ်တွေ စီးဆင်းရောက်ရှိလာမှုကို ဟန့်တားမယ်လို့ ကတိပြုခဲ့ပေမယ့် အီတလီဟာ ဒီနှစ်မှာ အခုကာလထိ လှေစီးရွှေ့ပြောင်းသူ ၁၃၃,၁၇၀ ဦး ရောက်ရှိနေပြီး ၂၀၂၂ ခုနှစ် အလားတူကာလက ၇၀,၇၉၆ ဦး ထက် ၂ ဆ နီးပါး ပိုများပြားလာပါတယ်။
Source/Photo-Reuters