အပြောင်းအရွှေ့ကိစ္စတွေမှာ ဆုံးဖြတ်ပိုင်ခွင့် ပိုမိုရရှိချင်ကြောင်း ချဲလ်ဆီးအသင်းကို နည်းပြပိုချက် တီနိုက တောင်းဆိုထားပါတယ်။
ချဲလ်ဆီးအသင်းဟာ ပိုင်ရှင်သစ် တော့ဘိုလီလက်ထက်မှာ ပေါင် သန်း ၄၀၀ လောက် အသုံးပြုခဲ့ပြီးဖြစ်ပေမဲ့ အကောင်းဆုံးပုံစံမရသေးဘဲ ဖြစ်နေတာပါ။
ပိုချက်တီနိုဘက်ကတော့ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကနေ စတင်ပြီး ကစားသမားခေါ်ယူမှုတွေမှာ ပိုမို ဆုံးဖြတ်ခွင့် ရရှိချင်ကြောင်း အသင်းတာဝန်ရှိသူတွေကို တောင်းဆိုခဲ့တာပါ။
ပိုချက်တီနိုက “အသင်းပိုင်ရှင်၊ အားကစားဒါရိုက်တာတွေနဲ့ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာက ကောင်းမွန်တဲ့ အရာဖြစ်ပါတယ်။ နွေရာသီ အပြောင်းအရွှေ့ ပိတ်သိမ်းချိန်ကတည်းက ဆုံးဖြတ်ချက်ကိစ္စအားလုံးမှာ ပိုမိုပါဝင်ဆုံးဖြတ်ခွင့်ရချင် ကြောင်းပြောခဲ့ပါတယ်” လို့ ပြောပါတယ်။
ဇန်နဝါရီအပြောင်းအရွှေ့မှာ လိုအပ်တဲ့ ကစားသမားတွေကို သတ်မှတ်ပြီး အသင်း တာဝန်ရှိသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ် ကြောင်း ပိုချက်တီနိုကပြောသွားပါတယ်။
Photo-Reuters