Home
အားကစား
လီဗာပူးရှယ်ယာအချို့ကို အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များဆီ  ရောင်းချ
DVB
·
September 29, 2023
00000

လီဗာပူးအသင်းဟာ အသင်းရဲ့ရှယ်ယာတချို့ကို အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေဆီ ရောင်းချခဲ့ပါတယ်။

လီဗာပူးအသင်းကို အမေရိကန်ရင်းနှီးမြှပ်နှံမူကုမ္ပဏီတစ်ခု ဖြစ်တဲ့ FSG က ၂၀၁၀ ပြည့်နှစ်ကတည်းက ပေါင်သန်း ၃၀၀ နဲ့ အလုံးစုံဝယ်ယူခဲ့တာပါ။

လီဗာပူးအသင်းကို ရောင်းချဖို့ ဆန္ဒမရှိကြောင်း FSG ပိုင်ရှင် ဂျွန်ဟင်နရီက ပြောဆိုထားဖူးပေမဲ့ လက်ရှိအချိန်မှာတော့ ရှယ်ယာတချို့ကို ရောင်းချမှုပြုလုပ်ခဲ့တာပါ။

ဝယ်ယူခဲ့တဲ့ ကုမ္ပဏီက  အမေရိကန်က Dynasty Equity ဖြစ်ပြီး  ပေါင်သန်း ၈၀ ကနေ ၁၆၀ ကြား တန်ဖိုးရှိ ရှယ်ယာတွေကို ဝယ်ယူခဲ့တာလို့သိရပါတယ်။

လီဗာပူးလ်အသင်းဟာ အခုနှစ်နွေရာသီမှာ ထိပ်တန်းအဆင့်ခေါ်ယူမှုတွေ လုပ်ဆောင်ခဲ့တာပါ။

ရှယ်ယာတချို့ဝယ်ယူခဲ့တဲ့ Dynasty Equity က အမှုဆောင်အရာရှိဖြစ်သူ နယ်လ်ဆင်ကတော့  FSG နဲ့ အကျိုးတူပူးပေါင်းလုပ်ဆောင်ခွင့်ရတာက ဂုဏ်ယူစရာဖြစ်ပြီး လီဗာပူးအသင်းရဲ့ အမွေအနှစ်တွေကို ဆက်ထိန်းနိုင်ဖို့ ပံ့ပိုးကူညီပေးသွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024