Home
နိုင်ငံတကာ
ဗီယက်နမ်တွင် ရေကြီးရေလျှံမှုကြောင့် လူထောင်ချီ အစာနှင့် ရေပြတ်နေ
DVB
·
September 28, 2023
Vietnam flood_Reuters_28092023

ဗီယက်နမ်အလယ်ပိုင်းမှာ စက်တင်ဘာ ၂၇ ရက်က ပြင်းထန်တဲ့ ရေကြီးရေလျှံမှုကြောင့် ထောင်ချီတဲ့လူတွေဆီမှာ အစားအစာ၊ ရေသန့်နဲ့ လျှပ်စစ်မီးတွေ ပြတ်တောက်သွားခဲ့တယ်လို့ ပြည်တွင်းရုပ်သံ VTV က ဖော်ပြပါတယ်။

မိုးသည်းထန်လို့ ဟာတင်ပြည်နယ်မှာ ရေတွေ အမြန်တက်လာခဲ့ပြီး ဒေသခံတွေကို သူတို့နေအိမ်တွေကနေ ဘေးလွတ်ရာဆီ ချက်ချင်း ရွှေ့ပြောင်းခိုင်းခဲ့ရပါတယ်။

ငဲ့အန်းပြည်နယ်က ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရာ ဆည်တွေကနေ ရေတွေကို အရေးပေါ် ဖောက်ချခဲ့ရလို့ မြစ်အောက်ပိုင်း မြို့တွေမှာ ရေကြီးရေလျှံမှု ပိုမိုဆိုးရွားလာတယ်လို့ VTV သတင်းမှာ ဖော်ပြထားပါတယ်။

မြစ်ကမ်းနားမှာ ငါးဖမ်းရာက လူတဦး ပျောက်ဆုံးသွားတယ်လို့ သတင်းရထားပြီး ခုအချိန်အထိ ထိခိုက်သေဆုံးမှု မသိရှိရသေးပါဘူး။

အပူပိုင်း လေဖိအားနည်းရပ်ဝန်းကြောင့် ဒေသတွင်းမှာ စက်တင်ဘာ ၂၈ ရက်အထိ မိုးသည်းသည်းထန်ထန် ရွာသွန်းနိုင်ပြီး မိုးရေချိန် ၉ ဒသမ ၈ လက်မအထိ ရှိမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ခန့်မှန်းချက်ကို အမျိုးသားဗဟိုဌာနက ထုတ်ပြန်ထားပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024