ထောင်ဒဏ် ၁၉ နှစ်ချမှတ်ခံထားရတဲ့ ရုရှားနိုင်ငံရဲ့ အထင်ရှားဆုံး အတိုက်အခံခေါင်းဆောင် အလက်ဇီနာဗယ်လ်ညီဟာ သူအပေါ်ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို စက်တင်ဘာ ၂၆ ရက်က အယူခံဝင်ရာမှာ ပယ်ချခံခဲ့ရတယ်လို့ မော်စကိုတရားရုံး တရားသူကြီးတဦးက ပြောပါတယ်။
နာဗယ်လ်ညီဟာ အစွန်းရောက်လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ စွဲချက်ခြောက်ခုနဲ့ ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် သြဂုတ် ၄ ရက်မှာ နောက်ဆုံးစီရင်ချက် ချမှတ်ခံခဲ့ရတာပါ။
သူကတော့ စွဲချက်အားလုံးကို အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။ နာဗယ်လ်ညီ ကိုယ်တိုင် အွန်လိုင်းကနေ တက်ရောက်ခဲ့တဲ့ ကြားနာမှုအပြီးမှာ သူ့ရဲ့အယူခံကို မော်စကိုတရားသူကြီးက ပယ်ချခဲ့ပါတယ်။
စီရင်ချက်ကို ဖတ်ကြားတာကလွဲလို့ နာဗယ်လ်ညီနဲ့ သူ့ရဲ့ရှေ့နေတွေက ကန့်ကွက်နေတဲ့ ကြားက တရားခွင်ကို မီဒီယာတွေ တက်ရောက်ခွင့်ပိတ်ပင်တာ ခံခဲ့ရပါတယ်။
Source/Photo-Reuters