Home
မြန်မာသတင်း
ပဲခူးရိုးမတိုက်ပွဲတွင် စစ်တပ်က ၁၆ ဦးနှင့် PDF ၁ ဦးကျဆုံး၊ လက်နက်ကြီးကြောင့် မော်တုန်း ရွာသား ၁ ဦး သေဆုံး
DVB
·
September 26, 2023
382233132_258053093891321_3451998991161564928_n

ပဲခူးတိုင်း သာယာဝတီခရိုင်၊ မင်းလှမြိုနယ် ပဲခူးရိုးမထဲက ဘီးချောင်းကုန်းမှာ စစ်တပ်နဲ့ စက်တင်ဘာ ၂၃ ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က ၁၆ ဦး သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရကာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

မိနစ် ၂၀ ကြာ တိုက်ပွဲအတွင်း နှစ်ဘက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး လက်နက်အင်အား မမျှတာကြောင့် ပြန်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

သာယာဝတီခရိုင်ထဲက သာယာဝတီမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်၊ အုတ်ဖိုမြို့နယ်နဲ့ ကြို့ပင်ကောက်မြို့နယ်အပိုင် ပဲခူးရိုးမအတွင်း တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ စစ်ဆင်ရေးနယ်မြေ ပဲခူးရိုးမအတွင်းအား ပြည်သူတွေအနေနဲ့ လုံးဝ မသွားလာကြဖို့ ဒေသကာကွယ်ရေးအဖွဲ့တွေက အသိပေးထားပါတယ်။

တနင်္သာရီမြို့နယ်မှာ စက်တင်ဘာ ၂၄ ရက် ည ၈ နာရီလောက်က စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တာကြောင့် နေအိမ်တချို့ထိခိုက်ပြီး ပြည်သူ ၁ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရှေ့မော်တုန်းရွာအခြေစိုက် အမတ ၃၀၆ က အနီးတဝိုက် ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

မော်တုန်းရွာသားတဦးက "အမြောက်တပ်က‌ ပစ်တာ နေရာစုံပဲ။ လက်နက်ကြီးက သူ့အိမ်မှာ လာထိတာ။ အိမ်ရှေ့မှာလာကျပြီး ထိမှန်တာ။ ပစ်တာက ၁၄ ချက် ကျော်တယ်။ တခြားကတော့ အိမ်ထိခိုက်မှု ရှိတယ်။ အိမ်နှစ်ဆောင် ထိခိုက်သွားတယ်" လို့ ပြောပါတယ်။

လက်နက်ကြီးကြောင့် အရှေ့မော်တုန်းရွာနေ ကိုတီငယ် (၃၅နှစ်) ဟာ နေအိမ်မှာပဲ ကျည်ထိမှန် သေဆုံးခဲ့တာဖြစ်ပါတယ်။

စစ်တပ်လက်နက်ကြီးကျည်တွေဟာ ဘန်းလမွတ်၊ ကန်းရိုးတန်း၊ ထုံနွယ်၊ အရှေ့မော်တုန်းနဲ့ ဇလုံးရွာတွေဘက်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024