ကမ္ဘာ့လေထုထဲ ဖြတ်သန်းသွားတဲ့ ဂြိုဟ်သိမ်တခုရဲ့ မျက်နှာပြင်ပေါ်က အကြီးမားဆုံး မြေသားနမူနာကို နာဆာအာကာသယာဉ်ငယ်အနေနဲ့ ယူပြီး ဓာတ်ခွဲစစ်ဆေးနိုင်ဖို့အတွက် သယ်ဆောင်လာ ပါတယ်။
စက်တင်ဘာ ၂၄ ရက်က ခပ်ယူရရှိလာခဲ့တဲ့ ဒီမြေသားကို ယူတား သဲကန္တာရထဲမှာ သိပ္ပံပညာရှင်တွေအတွက် လေထီးနဲ့အတူ ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။
အစောပိုင်းအချိန်တွေတုန်းက ကမ္ဘာကြီးရဲ့ မိုင်ပေါင်း ၆၇,၀၀၀ အတွင်း အိုဆိုင်းရပ်စ်-ရက်စ် စက်ရုပ်အာကာသယာဉ်အနေနဲ့ ဖြတ်သန်းသွားလာစဉ်မှာ အဲဒီမိခင်ယာဉ်မှတဆင့် သကြားလုံးပုံစံ ယာဉ်ငယ်က ထွက်ခွာလာခဲ့ပါတယ်။
အဲဒီနောက် ဆော့တ်လိတ်ခ်မြို့ အနောက်ဘက်က အမေရိကန်စစ်တပ်ရဲ့ ကြီးမားကျယ်ပြ့တဲ့ စမ်းသပ်လေ့ကျင့်ရေးကွင်းမှာ ဒီအာကာသယာဉ်ငယ်က သတ်မှတ်ထားတဲ့ ဆင်းသက်ဇုန်အတွင်း ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန် အာကာသအေဂျင်စီနဲ့ အရီဇိုးနားတက္ကသိုလ်ကြားက ၆ နှစ်ကြာ ပူးတွဲမစ်ရှင်ဖြစ်တဲ့ နောက်ဆုံးဆင်းသက်မှုနဲ့ ဆိုက်ကပ်မှုတို့ကို နာဆာရဲ့ ထုတ်လွှင့်မှုအတွင်း တိုက်ရိုက်ပြသခဲ့ပါတယ်။
၂၀၁၀ နဲ့ ၂၀၂၀ ပြည့်နှစ် တွေမှာလည်း အလားတူ မစ်ရှင်နှစ်ခုကို ဂျပန်အာကာသအေဂျင်စီက ခွဲခြမ်းစိတ်ဖြာနိုင်ဖို့အတွက် ဆောင်ရွက်ခဲ့ဖူးပါတယ်။
ဒါကြောင့် ကမ္ဘာမြေပေါ်အထိ ပြန်ရောက်လာခဲ့တဲ့ ဂြိုဟ်သိမ်နာမူနာတွေထဲမှာ ဒီတခေါက်က တတိအကြိမ်မြောက် ဖြစ်သလို အရွယ်အစားအရလည်း အကြီးမားဆုံး ဖြစ်ပါတယ်။
ဘန်နူး အမည်ရ ကာဗွန်ကြွယ်ဝတဲ့ ဂြိုဟ်သိမ်ငယ်ရဲ့ နမူနာကို အိုဆိုင်းရပ်စ်-ရက်စ် အနေနဲ့ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက စုဆောင်းခဲ့ဖူးပါတယ်။
၁၉၉၉ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ဒီအာကာသဂြိုဟ်သိမ်ကို “ကမ္ဘာ့အနီးကဒြပ်ဝတ္ထု” ဆိုပြီး အမျိုးအစား သတ်မှတ်ထားကြောင်း သိရပါတယ်။
ဒီဂြိုဟ်သိမ်ငယ်ဟာ ကမ္ဘာကြီးအပေါ် ၆ နှစ်တကြိမ် အလွန်နီးကပ်စွာ ဖြတ်သန်းလေ့ရှိပြီး တမူထူးခြားတဲ့ သက်ရောက်မှုရှိဖို့ကတော့ အလှမ်းဝေးနေဆဲပဲ ဖြစ်တယ်လို့ ယူဆထားပါတယ်။
Source/Photo-Reuters