တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့မှာ ကျင်းပနေတဲ့ အာရှအားကစားပြိုင်ပွဲကို တက်ရောက်ဖို့ ရောက်ရှိနေတဲ့ တောင်ကိုရီးယားဝန်ကြီးချုပ် ဟန်ဒတ်ဆိုး နဲ့ စက်တင်ဘာ ၂၃ ရက်က တွေ့ဆုံခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ဖို့ ဆန္ဒရှိတယ်လို့ ရှီက ကိုရီးယားဝန်ကြီးချုပ်ကို ပြောဆိုခဲ့ကြောင်း တရုတ်နိုင်ငံပိုင် CCTV သတင်းမှာ ဖော်ပြပါတယ်။
ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ပံ့ပိုးကူညီဖို့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ရှီကျင့်ဖျင်က တောင်ကိုရီးယားကို သွားရောက်ဖို့ အလေးအနက်ထား စဉ်းစာနေတယ်လို့ ပြောဆိုခဲ့ကြောင်း Yonhap ကိုရီးယားသတင်းဌာနကလည်း ဖော်ပြခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှု ကတိကဝတ်ပြုဖို့ လိုလားချက်ကို အလေးအနက်ထားကြောင်း ပြောကြားခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
Source/Photo-Reuters