ဗီယက်နမ်ဝန်ကြီးချုပ် ဖှမ်မင်ချင်က တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေး၊ ဘေးကင်းရေး၊ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်တို့ကို နိုင်ငံတကာဥပဒေနဲ့ ၁၉၈၂ ကုလသမဂ္ဂ ပင်လယ်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်းနဲ့ အညီ ကာကွယ်စောင့်ရှောက်ရေး ကတိကဝတ်ကို ထပ်မံအတည်ပြုလိုက် ပါတယ်။
စက်တင်ဘာ ၂၂ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောတဲ့ မိန့်ခွန်းအတွင်း ခုလို အတည်ပြုလိုက်တာပါ။
သံတမန်ရေးရာနဲ့ တရားရေးဆိုင်ရာ လုပ်ငန်းစဉ်တွေအပါအဝင် ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ တဖက်သတ် အရေးယူမှု၊ ဖမ်းဆီးမှုတွေ၊ အငြင်းပွားမှုတွေနဲ့ ကွဲပြားမှုတွေကို ရှောင်ဖို့ လိုတယ်လို့ လည်း ဖှမ်မင်ချင်က ပြောခဲ့ပါတယ်။
ရာသီဥတု ပြောင်းလဲမှုအတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ “လက်ရှိမှာ အထိခိုက်ဆုံး” ဖြစ်ပြီး “ဘဏ္ဍာရေး၊ နည်းပညာ၊ လူ့စွမ်းအား အရင်းအမြစ်၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အုပ်ချုပ်မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှု” ဆိုင်ရာ အကူအညီတွေကို သူက တောင်းခံ ခဲ့ပါတယ်။
Source/Photo-Reuters