Home
မြန်မာသတင်း
တနင်္သာရီမြို့နယ်က စစ်ရှောင်များ အကူအညီလိုအပ်
DVB
·
September 24, 2023
382216838_154275091076340_3244135634544786841_n

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ပြင်ဝန်းကျေးရွာမှာ စက်တင်ဘာ ၂၂ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူ အများအပြား ရွာကနေ ထွက်ပြေးတိမ်းရှောင် ခဲ့ကြရတယ်လို့ တွဲလက်ညီညီစစ်ရှောင် ကူညီကယ်ဆယ်ရေး အဖွဲ့ဆီကနေ သိရပါတယ်။

ဇဝဲရွာအခြေစိုက် ၅၅၆ တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီးတော့ ပြင်ဝန်းရွာက နေအိမ် ၁ လုံး လက်နက်ကြီးထိမှန် ပျက်စီးခဲ့ပြီးနောက်  ဒေသခံပြည်သူတွေလည်း ကြောက်လန့်ပြီး စစ်ဘေးရှောင်ခဲ့ကြတာပါ။

ဒေသခံတွေဟာ နီးစပ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါး စတဲ့ အကူအညီတွေလိုနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။

“စစ်ရှောင်တွေကတော့ ခုလောလောဆယ် စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်။ ဒီဘက် စစ်ဘေးရှောင်ကူညီတဲ့အဖွဲ့ဆီ ရောက်နေတာက စစ်ရှောင် ၅၀ လောက်ရှိတယ်။ ခုလောလောဆယ်တော့ ဘုန်းကြီးကျောင်းမှာ နေထိုင်ဖို့ လုပ်ပေးထားပါတယ်။ ထွက်‌ပြေးလာတဲ့အထဲမှာ နီးရာနီးရာ နေနေကြတဲ့မိသားစုတွေရှိတယ်” လို့ ပြောပါတယ်။

လက်ရှိအချိန်ထိတော့ စစ်ရှောင်လာကြတဲ့ပြည်သူ တချို့ကို စစ်ဘေးရှောင် ကူညီတဲ့အဖွဲ့က ကူညီ‌ပေးနေပြီး လက်နက်တွေထပ်ပစ်လာနိုင်လို့ နေရပ်ကို မပြန်ရဲကြသေးဘူးလို့ ဆိုပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေက အခုလအတွင်း ဘန်လောရွာအုပ်စုနဲ့ အနောက်မော်တုန်းအုပ်စုဘက်ကို လက်နက်ကြီး ပစ်ခတ်တာ၊ စစ်ကြောင်းထိုးဝင်ရောက်တာတွေ လုပ်ခဲ့ပြီး‌ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များအထောက်အပံ့ပြုရေးအဖွဲ့ရဲ့ မြေပြင် သတင်း အချက်အလက်တွေအရ အခုနှစ် ဩဂုတ်လကုန်အထိ တနင်္သာရီတိုင်းအတွင်းမှာ စစ်ရှောင်နေရတဲ့ပြည်သူ ၂၇,၀၀၀ ကျော် ကျန်ရှိနေဆဲဖြစ်ပြီးတော့ နေရပ်မပြန်နိုင်တဲ့သူ ၃,၆ဝဝ ကျော်ရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024