မက္ကဆီကိုနိုင်ငံမှာ မကောင်းဆိုးဝါးအရုပ်အဖြစ် သိထားကြတဲ့ ချက်ခ်ကီ အရုပ်တရုပ်ကို ရဲတပ်ဖွဲ့က လက်ထိပ်ခတ်ကာ ဖမ်းဆီးမှုတစ်ခု ထူးထူးဆန်းဆန်း ဖြစ်ပွားခဲ့ပါတယ်။
စက်တင်ဘာလ ၁၁ ရက်နေ့က မက္ကဆီကိုမြောက်ပိုင်းရှိ မြို့ငယ်လေးတမြို့မှာ ဒီအရုပ်ပိုင်ရှင် အမျိုးသားတယောက်က လူတွေကိုခြိမ်းခြောက်ငွေတောင်းမှုနဲ့ရဲက ဖမ်းဆီးခဲ့ရာမှာ ဒီအရုပ်ကိုလည်း လက်ထိပ်ခတ်ကာ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။
ကားလို့စ် "အန်"လို့ခေါ်တဲ့ အမျိုးသားတယောက်ဟာ လူတွေအပေါ် ခြောက်လှန့်ဖို့အတွက် အရုပ်ကို အသုံးပြုပြီး ငွေတောင်းတာမျိုးတွေ လုပ်ဆောင်ခဲ့တယ်လို့ ပြည်တွင်းမီဒီယာမှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ငြိမ်းချမ်းတဲ့ အနေအထားအပေါ် အနှောင့်အယှက်ပေးမှု အပါအဝင် တခြားသူတွေရဲ့ ဂုဏ်သိက္ခာအပေါ် အန္တရာယ်ဖြစ်စေမှုနဲ့ အရုပ်ရော ပိုင်ရှင်ကိုပါ တရားစွဲဆိုထားတယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာတော့ ကားလို့စ်အန်က ပြန်လွတ်မြောက်လာခဲ့ပြီး ချက်ကီအရုပ်ကတော့ ဘယ်ရောက်သွားလည်း မသိရသေးဘူးလို့ မက္ကစီကို ဒေသခံသတင်းဌာနက ဖော်ပြပါတယ်။
Source/Photo-Reuters