အသိဉာဏ်ရည်တု (အေအိုင်)ဆိုင်ရာ လက်နက်စနစ်တွေရဲ့ အန္တရာယ်ရှိနိုင်မှုနဲ့ နျူးကလီးယားတင်းမာမှု မြင့်တက်လာတဲ့အပေါ် သက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်က စက်တင်ဘာ ၂၂ ရက် နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သတိပေး ပြောပါတယ်။
ဒီအန္တရာယ်တွေကြောင့် အပြန်အလှန် ဆွေးနွေးမှုတွေ စတင်ကြဖို့အတွက် စင်ကာပူဝန်ကြီး ဘာလာ ခရစ်ရှ်နန်က အဖွဲ့ဝင် ၁၉၃ နိုင်ငံပါ ကုလသမဂ္ဂ အဖွဲ့ကြီးကို တိုက်တွန်းခဲ့ပါတယ်။
အသိဉာဏ်ရည်တုဟာ စစ်ဘက်အယူဝါဒအပေါ် " အခြေခံကျစွာ အနှောင့်အယှက် " ပေးနိုင်သလို ဗျူဟာမြောက်တဲ့ ခြိမ်းခြောက်မှုလည်း ဖြစ်လာနိုင်တယ်ဆိုပြီး နိုင်ငံရေးခြားဝန်ကြီးဖြစ်သူက ပြောကြားခဲ့တာပါ။
ဒါ့အပြင် ရုရှား-ယူကရိန်း ပဋိပက္ခနဲ့ပတ်သက်ပြီး စင်ကာပူသံတမန်အနေနဲ့ မိန့်ခွန်းပြောကြားရာမှာ ကုလသမဂ္ဂပဋိညာဉ်အပေါ် ပေါ်တင်တိုက်ခိုက်မှုဖြစ်တဲ့အပြင် နိုင်ငံတကာဥပဒေတွေကိုပါ ပြောင်ပြောင်းတင်းတင်း ချိုးဖောက်မှုဖြစ်တယ်လို့ ဆိုပါတယ်။
၇၈ ကြိမ်မြောက် ကုလအထွေထွေညီလာခံကို စက်တင်ဘာ ၂၆ ရက် မတိုင်ခင် အထိ နယူးယောက်ခ်မြို့မှာ ကျင်းပမှာဖြစ်ပြီး နိုင်ငံအလိုက် ခေါင်းဆောင်တွေ တက်ရောက် မိန့်ခွန်း ပြောကြားနေတာ ဖြစ်ပါတယ်။
Source/Photo-Reuters