တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဆီးရီးယားသမ္မတ ဘာရှာ အယ်လ်-အာဆတ်တို့ဟာ အရှေ့ပိုင်းမြို့ ဟန်ကျိုးမှာ စက်တင်ဘာလ ၂၂ ရက်က တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။
ဆီးရီးယားနိုင်ငံဟာ အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုအောက်မှာ ဆယ်စုနှစ်တစ်ခုကြာ သံတမန်ရေး အထီးကျန်ဆန်မှုကို အဆုံးသတ်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးကိုပါ မြှင့်တင်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
စစ်ဘေးဒဏ်သင့် ဆီးရီးယားနိုင်ငံရဲ့ စီပွားရေးနဲ့ ပြည်တွင်းအုံကြွမှုတို့ကို တန်ပြန်ရာမှာ တရုတ်နိုင်ငံ က အကူအညီပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့ တာပါ။
ဒီခေါင်းဆောင်တွေရဲ့ အစည်းအဝေးအပြီးမှာတော့ နှစ်နိုင်ငံအကြား ဆွေးနွေးမှုတွေပါ ပြုလုပ်ခဲ့ ပါတယ်။
ဆော်ဒီအာရေးဗီးယားအပါအဝင် အီရန်နိုင်ငံတို့နဲ့လည်း မဟာမိတ်ပြုထားတဲ့ ဒေသတွင်းမှာ ဆီးရီးယားနိုင်ငံရဲ့ မဟာဗျူဟာမြောက် အကျိုးစီပွားကို မြှင့်တင်နေတာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ ပြည်တွင်းစစ်ရဲ့ အစောပိုင်းကာလ နောက်ပိုင်းမှာ အနောက်နိုင်ငံတွေရဲ့ ဆီးရီးယားအပေါ် အရေးယူဒဏ်ခတ်မှုကို တဖြည်းဖြည်းချင်း ပိုမိုတင်းကြပ်လာခဲ့ပါတယ်။
ဒီပြည်တွင်း စစ်အတွင်း ဆန္ဒပြပွဲတွေကို ဖြိုခွင်းခဲ့ရာမှာ လူပေါင်း သိန်းနဲ့ချီအောင် သေဆုံးခဲ့ရသလို နောက်ထပ် သန်းနဲ့ချီကလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
လက်ရှိအချိန်မှာ ရုရှားနဲ့ အီရန်တို့က ကျောထောက်နောက်ခံ ပေးထားတဲ့ အာဆတ် အစိုးရအနေနဲ့ နယ်မြေအများစုအပေါ် ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။
ဒါ့အပြင် တစ်ချိန်က အတိုက်အခံတွေကို ထောက်ပံ့ ပေးခဲ့တဲ့ အာရပ်အိမ်နီးချင်းတွေနဲ့ ဆီရီးယား နိုင်ငံတို့ကြားမှာ မကြာသေးမီနှစ်တွေအတွင်း သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင် နိုင်ခဲ့တယ် လို့ သိရပါတယ်။
Source/Photo-Reuters